အရေးပေါ်
ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

၂၀၂၆ အောက်တိုဘာ ၂၈ Myo Taw
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

အောက်တိုဘာ ၂၈

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က တိုက်တွန်း မေတ္တာရပ်ခံလိုက်ပါတယ်။

မိသားစုဝင်အချင်းချင်း အဆက်အသွယ် ပြုလုပ်ခွင့်ရရှိရေးဟာ အခြေခံလူ့အခွင့်အရေး တရပ်သာဖြစ်ပြီး နိုင်ငံရေးအရ မျက်နှာသာပေးခြင်း မဟုတ်ဘူးလို့ ကိုထိန်လင်းက ပြောပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုထားသလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံဘက်က တိုက်တွန်းထားတယ်လို့လည်း ကိုထိန်လင်း က ထောက်ပြထားပါတယ်။

ဒါ့အပြင် သတ်ဖြတ်မှုတွေကို အမြန်ဆုံးရပ်တန့်ဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပြီး စစ်အုပ်စုကို တရားဝင်အသိအမှတ်ပြုမှု မပေးခင် တာဝန်ခံမှု အရင်ရှိရမယ်လို့လည်း ကိုထိန်လင်းက ပြောဆိုထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး ပြည်တွင်းသတင်း

လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး နေအိမ်ထဲမှာတင် အသတ်ခံထားရတဲ့ အနေအထားနဲ့…

ဖတ်ရန်
သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး ပြည်တွင်းသတင်း

သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မလှိုင်က စက်ဘီးဆိုင် ဗုံးသီးနဲ့ ပစ်ခတ်ခံရလို့ ဆိုင်ရှေ့စကားပြောနေသူ ၂ ဦးကို ထိမှန်ကာ ၁ ဦး သေဆုံး ပြည်တွင်းသတင်း

မလှိုင်က စက်ဘီးဆိုင် ဗုံးသီးနဲ့ ပစ်ခတ်ခံရလို့ ဆိုင်ရှေ့စကားပြောနေသူ ၂ ဦးကို ထိမှန်ကာ ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ်(၃)ရပ်ကွက်က စက်ဘီးဆိုင်တဆိုင် ဗုံးပစ်ခံရပြီး ဆိုင်ရှေ့စကားပြောနေတဲ့ အမျိုးသမီးနဲ့ အမျိုးသားတဦး ဗုံးစထိမှန်ကာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်