ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး
အောက်တိုဘာ ၂၈
မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့၊ မနက် ၈ နာရီဝန်းကျင်က သထုံမြို့၊ မိုးကောင်းဖရဲသီးဆိုင်တန်းရှေ့၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ကားနဲ့ ဆိုင်ကယ် တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းလာသူ အသက် ၄၂ နှစ်အရွယ် ဦးသီဟဦး ဆိုသူ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“Honda fit နဲ့ ဒဲ့တိုက်တာ၊ ၂ စီးလုံး အရှိန်ပါတယ်။ ကားက အရှေ့ခြမ်းတခုလုံး ပိန်သွားတယ်။ ဆိုင်ကယ်က ဘရိတ်မမိတာလို့ ပြောတယ်။ ဆိုင်ကယ်သမားက ကားကိုကျော်ပြီး လွင့်သွားတာ၊ လူလည်း သေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး သိမ်ဆိပ်ရဲစခန်းက Honda fit ယာဉ်မောင်းကို အမှုဖွင့် စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာအနီး ပဲခူး-သနပ်ပင် ကားလမ်းနဲ့ ပဲခူးအရှေ့မြို့ရှောင်လမ်းဆုံမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်ခန့်က သနပ်ပင်မြို့ဘက်ကနေ ပဲခူးမြို့ကိုလာတဲ့ အသက် ၁၉ နှစ်အရွယ် ဝေယံဖြိုး မောင်းနှင်ပြီး အသက် ၁၈ နှစ်အရွယ် နိုင်လင်းအောင်နဲ့ ဇော်ထက်အောင် တို့လိုက်ပါလာတဲ့ Honda Click 125 အမျိုးအစား ဆိုင်ကယ်နဲ့ ပဲခူးအရှေ့မြို့ရှောင်လမ်းအတိုင်း ကလိကျေးရွာဘက်ကနေ မြို့ဦးကင်းတံတားဘက်ကို အသက် ၃၁ နှစ်အရွယ် ကိုနိုင်လင်းဇော် မောင်းနှင်လာတဲ့ MITSUBISHI ROSA မော်တော်ယာဉ်တို့ တိုက်မိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဝေယံဖြိုးဟာ ဦးခေါင်းနဲ့ မျက်နှာ ထိခိုက်ခဲ့ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…
ပြည်တွင်းသတင်း
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး နေအိမ်ထဲမှာတင် အသတ်ခံထားရတဲ့ အနေအထားနဲ့…
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ်(၃)ရပ်ကွက်က စက်ဘီးဆိုင်တဆိုင် ဗုံးပစ်ခံရပြီး ဆိုင်ရှေ့စကားပြောနေတဲ့ အမျိုးသမီးနဲ့ အမျိုးသားတဦး ဗုံးစထိမှန်ကာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။