စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ
အောက်တိုဘာ ၂၈
စပိန်နိုင်ငံ အလယ်ပိုင်း တိုလီဒိုပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါ မတော်တဆမှုဟာ ဒေသစံတော်ချိန် မနက် ၉ နာရီကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စပိန်အစိုးရပိုင် ရန်ဖေး (RENFE) ရထားက ရထားလမ်းပေါ်မှာ ရပ်နားထားတဲ့ အီတလီ ပုဂ္ဂလိကကုမ္ပဏီပိုင် အီရီယို (IRYO) ရထားရဲ့ နောက်ပိုင်းကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ရထားတွဲနှစ်တွဲ လမ်းချော်ပြီး တိမ်းမှောက်သွားခဲ့တာလို့ သိရပါတယ်။
ဒေသန္တရအစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ အဆိုပါရထားနှစ်စင်းပေါ်မှာ ခရီးသည် စုစုပေါင်း ၅၄၄ ဦး လိုက်ပါလာခဲ့ပြီး အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ စပိန်အစိုးရပိုင် TVE ရုပ်သံလိုင်းကို အတည်ပြု ပြောဆိုထားပါတယ်။
နိုင်ငံတကာသတင်းဌာနတွေမှာတော့ အနည်းဆုံး ၃၉ ဦးအထိ သေဆုံးနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြနေကြပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် မြို့တော် မက်ဒရစ်နဲ့ တောင်ပိုင်းဒေသတွေကို ဆက်သွယ်ထားတဲ့ အမြန်ရထားခရီးစဉ်အားလုံးကို ချက်ချင်း ယာယီရပ်ဆိုင်းထားရပြီး ရထားတိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
Ref & Photo: The Sun
မြို့တော် News Channel