အရေးပေါ်
နိုင်ငံတကာသတင်း

West Bank ဒေသမှာ အစ္စရေးက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးကောင်စီ စွပ်စွဲ

၂၀၂၆ အောက်တိုဘာ ၂၈ Myo Taw
West Bank ဒေသမှာ အစ္စရေးက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးကောင်စီ စွပ်စွဲ

West Bank ဒေသမှာ အစ္စရေးက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးကောင်စီ စွပ်စွဲ

အောက်တိုဘာ ၂၈

အစ္စရေးဟာ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း West Bank ဒေသတွင်းက ပါလက်စတိုင်း အရပ်သားတွေအပေါ် လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ဒီနှစ် စက်တင်ဘာလအတွင်း အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ West Bank ဒေသတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို စုံစမ်းတွေ့ရှိချက်တွေအဖြစ် အဓိကထား တင်ပြထားပါတယ်။

အဆိုပါ ၃ နှစ်တာ ကာလအတွင်း အစ္စရေးအခြေချနေထိုင်သူတွေနဲ့ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် West Bank မှာ ပါလက်စတိုင်းလူမျိုး ၁,၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် အဆိုပါကာလအတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၂၅၄ ဦးအထိ ရှိခဲ့ပြီး ဒါဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆ ယောက်သာ ရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင် ထိုးတက်လာတဲ့ ပမာဏဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အစ္စရေးကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထဲမှာ လူအစုလိုက်အပြုံလိုက် သုတ်သင်သတ်ဖြတ်မှု၊ ဖိနှိပ်ညှဉ်းပန်းမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအထိ ပုံစံအမျိုးမျိုး ပါဝင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်ခဲ့တယ် ဆိုပေမဲ့လည်း ဂါဇာဒေသမှာတော့ အစ္စရေးဘက်က လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်တယ်လို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

အဆိုပါစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ချက်ချင်း တုံ့ပြန်ငြင်းဆိုထားပြီး အစီရင်ခံစာဟာ လူ့အခွင့်အရေး အစီရင်ခံစာအစစ် မဟုတ်ဘဲ မြေပြင်လက်တွေ့အခြေအနေနဲ့ ကင်းကွာနေတဲ့ ဝါဒဖြန့်စာရွက်စာတမ်းတစ်ခုသာ ဖြစ်သလို၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ရှက်ဖွယ်ကောင်းတဲ့ လုပ်ရပ်အမွေအနှစ်တခုသာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

Ref & Photo: NHK

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ နိုင်ငံတကာသတင်း

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

စပိန်နိုင်ငံ အလယ်ပိုင်း တိုလီဒိုပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး…

ဖတ်ရန်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…

ဖတ်ရန်
တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အို မှီခိုသူအရေအတွက် ကလေးငယ်တွေထက် ပထမဆုံးအကြိမ် ပိုမိုများပြားလာ နိုင်ငံတကာသတင်း

တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အို မှီခိုသူအရေအတွက် ကလေးငယ်တွေထက် ပထမဆုံးအကြိမ် ပိုမိုများပြားလာ

တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း သိသိသာသာ ကျဆင်းလာတာနဲ့အတူ သက်ကြီးရွယ်အို လူဦးရေ အလျင်အမြန် များပြားလာနေတာကြောင့် အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေကို ထောက်ပံ့စောင့်ရှောက်ရတဲ့ နှုန်းထားဟာ…

ဖတ်ရန်