အရေးပေါ်
နိုင်ငံတကာသတင်း

ဂျာမနီကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာစတန် ဘရိုအာကို NATO စစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ရွေးချယ်

၂၀၂၆ စက်တင်ဘာ ၂၀ Myo Taw
ဂျာမနီကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာစတန် ဘရိုအာကို NATO စစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ရွေးချယ်

ဂျာမနီကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာစတန် ဘရိုအာကို NATO စစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ရွေးချယ်

စက်တင်ဘာ ၂၀

ဂျာမနီကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာစတန် ဘရိုအာ ကို NATO စစ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၉ ရက်နေ့မှာ ရွေးချယ်လိုက်ပါတယ်။

NATO အဖွဲ့ဝင် ၃၂ နိုင်ငံရဲ့ ကာကွယ်ရေးဦးစီးချုပ်တွေက ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း အခုလို ရွေးချယ်ခဲ့တာပါ။

အသက် ၆၁ နှစ်အရွယ် ဂျာမနီကာကွယ်ရေးဦးစီးချုပ်ဟာ NATO စစ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် လာမယ့် ၂၀၂၇ ခုနှစ် နွေရာသီမှာ တာဝန်စတင်ထမ်းဆောင်မှာဖြစ်ပြီး လက်ရှိဥက္ကဋ္ဌ အီတလီရေတပ်ဗိုလ်ချုပ်ကြီး ဂျူဆက်ပီ ကာဗို ဒရာဂိုနီရဲ့ နေရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

NATO စစ်ရေးကော်မတီဟာ အဖွဲ့ရဲ့ အမြင့်ဆုံး စစ်ရေးအကြံပေးအဖွဲ့ ဖြစ်ပြီး ဥက္ကဋ္ဌက NATO အတွင်းရေးမှူးချုပ် မာ့ခ် ရုတ်တေးရဲ့ အဓိက စစ်ရေးအကြံပေးအဖြစ် တာဝန်ယူရပါတယ်။

ဘရိုအာအနေနဲ့ မဟာမိတ်အဖွဲ့အတွင်း အပြောင်းအလဲတွေ များပြားနေတဲ့ကာလမှာ ဒီတာဝန်ကို စတင်ထမ်းဆောင်ရမှာလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့မှုနဲ့ ထရမ့်ရဲ့ NATO အပေါ် အမေရိကန်ရဲ့ ကာကွယ်ရေးကတိကဝတ်တွေနဲ့ ပတ်သက်ပြီး သတိပေးပြောဆိုမှုတွေကြောင့် ဥရောပနိုင်ငံအများအပြားက ကာကွယ်ရေးအသုံးစရိတ်တွေကို တိုးမြှင့်လာပါတယ်။

ဂျာမနီကလည်း ၂၀၃၀ ပြည့်နှစ်မှာ စစ်ရေးအသုံးစရိတ်ကို ယူရို ၂၀၀ ဘီလီယံကျော်အထိ တိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။

ဘရိုအာဟာ ၁၉၈၄ ခုနှစ်ကတည်းက ဂျာမနီတပ်မတော်မှာ တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး COVID-19 ကပ်ရောဂါကာလအတွင်း ဂျာမနီရဲ့ အကျပ်အတည်းစီမံခန့်ခွဲရေးကော်မတီကို ဦးဆောင်ခဲ့တာကြောင့် “ဝန်ကြီးချုပ်ရဲ့ ဗိုလ်ချုပ်” လို့လည်း လူသိများခဲ့ပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်ပွဲမှာ ပူတင်အနိုင်ရဖို့ ကုလားအုတ် အကောင် ၆၀ ယဇ်ပူဇော်မယ့် ဆိုက်ဘေးရီးယားက နတ်ဆရာ နိုင်ငံတကာသတင်း

ယူကရိန်းစစ်ပွဲမှာ ပူတင်အနိုင်ရဖို့ ကုလားအုတ် အကောင် ၆၀ ယဇ်ပူဇော်မယ့် ဆိုက်ဘေးရီးယားက နတ်ဆရာ

ယူကရိန်းစစ်ပွဲမှာ ရုရှားသမ္မတ ပူတင် အနိုင်ရဖို့အတွက် ဆိုက်ဘေးရီးယား နတ်ဆရာတဦးက ကုလားအုတ် အကောင် ၆၀ ကို ၁ နှစ်အတွင်း သတ်ဖြတ်ပြီး ယဇ်ပူဇော်သွားမယ်လို့…

ဖတ်ရန်
TrueMoney ကနေ ငွေလက်ခံမိရုံနဲ့ ထိုင်းဘဏ်အကောင့် ပိတ်ခံရမှုတွေ ရှိလာ နိုင်ငံတကာသတင်း

TrueMoney ကနေ ငွေလက်ခံမိရုံနဲ့ ထိုင်းဘဏ်အကောင့် ပိတ်ခံရမှုတွေ ရှိလာ

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအကြား TrueMoney QR မှတစ်ဆင့် ငွေလွှဲတာ၊ ငွေလက်ခံတာတွေကြောင့် ထိုင်းဘဏ်အကောင့်အသုံးပြုခွင့် ယာယီပိတ်ဆို့ခံရမှုတွေ ရှိလာနေတယ်လို့ အလုပ်သမားတွေနဲ့ ငွေလဲလုပ်ကိုင်သူတွေထံမှ…

ဖတ်ရန်
အမေရိကန်ရဲ့ ကန့်သတ်ချက်တွေ ပိုတင်းကျပ်လာမှာ စိုးရိမ်ပြီး တရုတ် AI ကုမ္ပဏီတွေ Nvidia Chip စွမ်းဆောင်ရည်တွေ ကြိုတင်ငှားရမ်းနေ နိုင်ငံတကာသတင်း

အမေရိကန်ရဲ့ ကန့်သတ်ချက်တွေ ပိုတင်းကျပ်လာမှာ စိုးရိမ်ပြီး တရုတ် AI ကုမ္ပဏီတွေ Nvidia Chip စွမ်းဆောင်ရည်တွေ ကြိုတင်ငှားရမ်းနေ

တရုတ် AI ကုမ္ပဏီတွေဟာ Nvidia ရဲ့ အမှုဆောင်အရာရှိချုပ် ဂျင်ဆန်ဟွမ်ရဲ့ ကိုယ်ရေးကိုယ်တာ အရှုပ်တော်ပုံကြောင့် အမေရိကန်ဘက်က အဆင့်မြင့်နည်းပညာ ကန့်သတ်ချက်တွေကို ပိုမိုတင်းကြပ်လာမှာကို စိုးရိမ်ပြီး…

ဖတ်ရန်
ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ထိုင်းဗဟိုဘဏ် သတိပေး နိုင်ငံတကာသတင်း

ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ထိုင်းဗဟိုဘဏ် သတိပေး

မကြာသေးခင်က နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ အိုင်တီစနစ်ချို့ယွင်းမှုတွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအပေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် ထိုင်းဗဟိုဘဏ် (Bank of Thailand - BOT) က ပြည်တွင်းက…

ဖတ်ရန်