မင်္ဂလာတောင်ညွန့်မှာ အသက်ကြီပိုင်း အဖွားအိုတဦး ခေါင်းတခြား ကိုယ်တခြား အနေအထားနဲ့ အသတ်ခံရ
နိုဝင်ဘာ ၁၃
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အသက်ကြီးပိုင်း အဖွားတဦးကို ဆေးကြောင်နေတဲ့ တူအရင်းက သတ်ဖြတ်ပြီး ဦးခေါင်းကို သေတ္တာထဲထည့်ကာ ခန္တာကိုယ်ကို ဧည့်ခန်းထဲထားခဲ့ပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမကြီး လမ်း ၅ စုံ မီးပွိင့်အနီးက SSS စတေကာပစ္စည်းအရောင်းဆိုင်နဲ့ Express ကားလက်မှတ်အရောင်းဆိုင်တိုက် ၅ လွှာမှာ ဦးခေါင်းနဲ့ ခန္ဓာကိုယ် သီးခြားစီဖြစ်နေတဲ့ အသက် ၇၇ နှစ် အရွယ် ဒေါ်ကြည်ကြည်ဝင်း ဆိုသူရဲ့ ရုပ်အလောင်းကို တိုက်ခန်းနေသူတွေက တွေ့ရှိခဲ့တာလို့ သိရပါတယ်။
“၁၁ ရက်နေ့ညက အဲ့အခန်းထဲ ထုရိုက်သံတွေ ကြားတယ်။ ခု အသတ်ခံရတဲ့ အဖွားရဲ့တူက ဆေးကြောင်နေတာ၊ ခုလိုပဲ ခဏခဏ ဖြစ်တတ်တယ်။ အဲ့တိုက်ခန်းက သူတို့ ၂ ယောက်ပဲ နေတာ၊ အဖွားကြီးက သူ့သားသမီးလိုပဲ ချစ်ရှာတော့ အလိုလိုက်တာလည်း ပါတယ်။ နောက်ရက်ကျ တံခါးပွင့်လျှက်နဲ့ အရင်လို မူမမှန်လို့ ဝင်ကြည့်ကြတာမှာ ခန္တာကိုယ်တခြား ခေါင်းတခြား အသတ်ခံထားရတာ တွေ့တာ” လို့ တိုက်ခန်းနေသူတဦးက ပြောပါတယ်။
အသက် ၇၇ နှစ်အရွယ် အဘွားအိုကို သတ်သွားတယ်လို့ ယူဆရတဲ့ တူဖြစ်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပြီး ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ ကျေက်တန်းမြို့နယ် ရွာသစ်ကလေးကျေးရွာ တောင်ကွင်းက လယ်တဲနေအိမ်ပေါ်မှာ အသက် ၆၈ အရွယ် ဦးတင်ငွေ ဆိုသူ အမျိုးသားတဦး လည်ပင်းမှာ ဓားပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဖြစ်စဉ်တစခု ဖြစ်ပွားခဲ့ပါသေးတယ်။
မြို့တော် News Channel