ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ဖားကန့်မှာ ပျောက်ဆုံးနေတဲ့ လူငယ် ၁ ဦးကို တောထဲက ရေကန်မှာ ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်တွေ့
အောက်တိုဘာ ၂၈
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ဘွမ်နန်မှော်က ရေကန်ထဲမှာ လူငယ်တဦးရဲ့ ရုပ်အလောင်းကို ပုပ်ပွနေတဲ့ အနေအထားနဲ့ တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၇ ရက်၊ မနေ့က ညနေ ၄ နာရီခွဲခန့်မှာ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ပုပ်ပွနေတဲ့ အနေအထားနဲ့ ရေကန်ထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အသက် ၂၉ နှစ်အရွယ် မောင်ဇော်နော် ဆိုသူဖြစ်ကာ ဘွမ်နန်မှော်ရွာက ဖြစ်တယ်လို့ သိရပါတယ်။
“သူ့သူငယ်ချင်းနဲ့ ကျောက်သွားရှာပြီး သူ့သူငယ်ချင်းက ပြန်လာတယ်၊ သူက ပြန်မလာတာ။ အဲဒီနေ့ကတည်းက လိုက်ရှာကြတာ မတွေ့ဘူး၊ မနေ့က ညနေကမှ တောထဲက ရေကန်ထဲ ပုတ်ပွပြီး ပေါ်လာလို့ ရွာကလူတွေက သိကြရတာ။ အသတ်ခံရတာလား၊ သူ့ဘာသာ ပြုတ်ကျတာလား သေချာမသိရသေးဘူး။ ခေါင်းမှာ ဒဏ်ရာတွေ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူဟာ အောက်တိုဘာလ ၂၅ ရက်နေ့က သူငယ်ချင်းဖြစ်သူနဲ့ ရေမဆေးကျောက် သွားရောက်ရှာဖွေရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ရုပ်အလောင်းရဲ့ ဦးခေါင်းမှာ ဒဏ်ရာတချက် တွေ့ရတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသမှာ မြေပြိုမှုတွေ အပါအဝင် လုပ်ငန်းခွင်နဲ့ ဆက်စပ်တဲ့ အန္တရာယ်တွေကြောင့် မကြာခဏ လူသေဆုံးမှုတွေ ကြုံတွေ့ရတတ်တယ်လို့လည်း သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…
ပြည်တွင်းသတင်း
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး နေအိမ်ထဲမှာတင် အသတ်ခံထားရတဲ့ အနေအထားနဲ့…
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။