ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး
အောက်တိုဘာ ၂၈
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး နေအိမ်ထဲမှာတင် အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့၊ နေ့လယ် ၁ နာရီဝန်းကျင်က မင်းရဲကျော်စွာ ၉ လမ်းက နေအိမ်မှာ အသက် ၄ နှစ်အရွယ် မယွန်းယွန်း ဆိုသူ မိန်းကလေးငယ်ဟာ အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံးနေခဲ့တာလို့ သိရပါတယ်။
“ကလေးတယောက်တည်း အိမ်မှာ ကျန်တဲ့အချိန် ဖြစ်သွားတာ။ ပစ္စည်းဝင်ခိုးပြီး ကလေးကို မြင်လို့ အခုလိုလုပ်သွားတာလား မသိဘူး၊ အသေးစိတ်တော့ မသိရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ကလေးငယ်ရဲ့ ဝမ်းဗိုက်နဲ့ ဦးခေါင်းမှာ ဒဏ်ရာတွေရရှိခဲ့ပြီး သေဆုံးနေတာကို မိခင်ဖြစ်သူက တွေ့ရှိပြီး ရာအိမ်မှူးကတဆင့် ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
လတ်တလောမှာ လူသတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် သောင်ကြီးနယ်မြေရဲစခန်းက ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ မလှိုင်မြို့၊ အမှတ်(၃)ရပ်ကွက်က စက်ဘီးဆိုင်တဆိုင် ဗုံးပစ်ခံရပြီး ဆိုင်ရှေ့စကားပြောနေတဲ့ အမျိုးသမီးနဲ့ အမျိုးသားတဦး ဗုံးစထိမှန်ကာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။