အရေးပေါ်
နိုင်ငံတကာသတင်း

ပတ္တရားမှာ အရက်မူး ရန်ဖြစ်ခဲ့တဲ့ အမေရိကန် ရေတပ်သား ၂ ဦး သင်္ဘောပေါ် ပြန်ပို့ခံရ

၂၀၂၆ စက်တင်ဘာ ၄ Myo Taw
ပတ္တရားမှာ အရက်မူး ရန်ဖြစ်ခဲ့တဲ့ အမေရိကန် ရေတပ်သား ၂ ဦး သင်္ဘောပေါ် ပြန်ပို့ခံရ

ပတ္တရားမှာ အရက်မူး ရန်ဖြစ်ခဲ့တဲ့ အမေရိကန် ရေတပ်သား ၂ ဦး သင်္ဘောပေါ် ပြန်ပို့ခံရ

စက်တင်ဘာ ၄

ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ဆိုက်ကပ်ထားတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln ပေါ်က ရေတပ်သား ၂ ဦးဟာ အရက်မူးပြီး ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် သင်္ဘောပေါ်ကို ပြန်ပို့ခံလိုက်ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းက ပတ္တရားမြို့ရဲ့ နာမည်ကျော် ညအပန်းဖြေနေရာ Walking Street အနီးမှာ အဆိုပါရေတပ်သားတွေ အရက်မူးပြီး အော်ဟစ်ရန်ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

အခြေအနေ ပိုမိုဆိုးရွားမလာစေဖို့ ဒေသခံတွေက အကြောင်းကြားခဲ့တာကြောင့် ရဲတပ်ဖွဲ့က သွားရောက်ဖြေရှင်းခဲ့ရပြီး ရေတပ်သားတွေကြား ဖြစ်ပွားခဲ့တဲ့ အချင်းများမှုဟာ အသေးစားဖြစ်စဉ်သာ ဖြစ်တယ်လို့ ပတ္တရားမြို့ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အနက်ခ် စရသွန်ဂယူက ပြောပါတယ်။

ဒါ့အပြင် ထိုင်းဥပဒေကို ချိုးဖောက်ထားခြင်း မရှိတာကြောင့် ရေတပ်သား ၂ ဦးကို တရားစွဲဆိုခြင်း မပြုခဲ့ဘဲ အမေရိကန်လေယာဉ်တင်သင်္ဘောကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

USS Abraham Lincoln ဟာ ပင်လယ်ပြင်မှာ ရက်ပေါင်း ၂၈၀ ကျော် တာဝန်ထမ်းဆောင်ပြီးနောက် ပတ္တရားကို ဆိပ်ကမ်းဝင်ရောက်လာတာဖြစ်ပြီး သင်္ဘောပေါ်မှာ အစားအစာပြတ်လပ်မှု၊ ရေပိုက်လိုင်းပျက်စီးမှုနဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံတကာမီဒီယာတွေရဲ့ အာရုံစိုက်မှု ရရှိနေပါတယ်။

အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ်တွေက စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ စိုးရိမ်မှုတွေကို ပယ်ချထားပါတယ်။

တစ်ဖက်မှာလည်း ခရီးသွားရာသီ မဟုတ်တဲ့အတွက် အမေရိကန် စစ်သည်တွေ ရောက်လာချိန်မှာ ဒေသတွင်း စီးပွားရေး ပြန်ကောင်းလာမယ်လို့ ပတ္တရားမြို့ခံတွေ မျှော်လင့်ခဲ့ကြပေမဲ့ လက်တွေ့မှာတော့ ထင်သလောက် စည်ကားမလာဘဲ ငြိမ်သက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Ref & Photo; Bangkok Post

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ဒုတိယကမ္ဘာစစ်တုန်းက နှစ်နိုင်ငံ မဟာမိတ်ဖြစ်ခဲ့တဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ဒါဟာ စစ်သမိုင်းကို ပုံဖျက်ဖို့ ဘေဂျင်းဘက်က…

ဖတ်ရန်
အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ; နိုင်ငံတကာသတင်း

အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ;

မိုးသည်းထန်စွာ ရွာသွန်းပြီး မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်း နီပေါနိုင်ငံတို့မှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း နိုင်ငံတကာသတင်း

ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း

လေးနှစ်ခွဲကျော်ကြာလာတဲ့ ရုရှားကျူးကျော်စစ်ကို သံတမန်နည်းနဲ့ အဆုံးသတ်နိုင်ရေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိအားပေးပြီး ရုရှားအပေါ် တရုတ်ရဲ့ သြဇာကို အသုံးချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ယူကရိန်းသမ္မတ…

ဖတ်ရန်
ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဝါရှင်တန်မှာ တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်အနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ကို လိုက်နာဖို့ တိုက်တွန်းခဲ့တဲ့အပေါ် ထိုင်ဝမ်အစိုးရက…

ဖတ်ရန်