အရေးပေါ်
နိုင်ငံတကာသတင်း

အီရန်နျူကလီးယားအရေး အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် IAEA တင်ပြ၊ တရုတ်နဲ့ ရုရှား ကန့်ကွက်

၂၀၂၆ စက်တင်ဘာ ၁၀ Myo Taw
အီရန်နျူကလီးယားအရေး အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် IAEA တင်ပြ၊ တရုတ်နဲ့ ရုရှား ကန့်ကွက်

အီရန်နျူကလီးယားအရေး အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် IAEA တင်ပြ၊ တရုတ်နဲ့ ရုရှား ကန့်ကွက်

စက်တင်ဘာ ၁၀

ကြေညာထားခြင်းမရှိတဲ့ နေရာတွေမှာ ယူရေနီယမ် အကြွင်းအကျန်တွေ တွေ့ရှိခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အီရန်ဘက်က စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ဘုတ်အဖွဲ့က အီရန်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တင်ပြလိုက်ပါတယ်။

IAEA ဘုတ်အဖွဲ့က အီရန်ဟာ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို မလိုက်နာဘူးလို့ ၂၀၂၅ ခုနှစ် ဇွန်လက တရားဝင် သတ်မှတ်ခဲ့ပြီးနောက် အခုလို လုံခြုံရေးကောင်စီထံ တင်ပြဖို့ စတင်စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေကတော့ ဒီယူရေနီယမ်အကြွင်းအကျန်တွေဟာ အီရန်မှာ ၂၀၀၃ ခုနှစ်အထိ လျှို့ဝှက် နျူကလီးယားလက်နက် စီမံကိန်းရှိခဲ့တဲ့ သက်သေဖြစ်နိုင်တယ်လို့ ယူဆနေကြပေမဲ့ အီရန်ဘက်ကတော့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းစွာ အသုံးပြုဖို့သာဖြစ်တယ်လို့ အမြဲတစေ ငြင်းဆိုထားပါတယ်။

သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ အခြေစိုက် IAEA ရုံးချုပ်မှာ ပြုလုပ်တဲ့ အဖွဲ့ဝင် ၃၅ နိုင်ငံပါ ဘုတ်အဖွဲ့ အစည်းအဝေးမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ တင်သွင်းတဲ့ ဒီဆုံးဖြတ်ချက်ကို ၂၃ နိုင်ငံက ထောက်ခံခဲ့ကြပေမယ့် တရုတ်၊ ရုရှားနဲ့ နိုင်ဂျာ တို့က ကန့်ကွက်ခဲ့ပြီး ၈ နိုင်ငံက ကြားနေခဲ့ပါတယ်။

ဒီလို လုံခြုံရေးကောင်စီကို တင်ပြလိုက်တဲ့အတွက် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ကျရောက်လာနိုင်ခြေ ရှိပေမဲ့ အီရန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်က ဗီတိုအာဏာ ကိုင်ထားတာကြောင့် တကယ့်လက်တွေ့ အရေးယူဒဏ်ခတ်မှု ထွက်လာဖို့တော့ မလွယ်ကူပါဘူးလို့ ဆိုပါတယ်။

ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အီရန် သံအမတ်ကြီး ရီဇာ နာဂျာဖီ ကတော့ အခုဆုံးဖြတ်ချက်ဟာ “နိုင်ငံရေးလက်နက်” တစ်ခုသာ ဖြစ်တယ်လို့ ပယ်ချလိုက်ပြီး IAEA ရဲ့ လွတ်လပ်မှုနဲ့ ဘက်မလိုက်မှုအပေါ် ယုံကြည်မှုကို ထိခိုက်စေတယ်လို့ တုန့်ပြန်ထားပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါနေရာတွေမှာ IAEA စစ်ဆေးရေးမှူးတွေ ဘေးကင်းစွာ ဝင်ရောက်စစ်ဆေးဖို့ လက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ နာဂျာဖီက ပြောပါတယ်။

IAEA ရဲ့ အချက်အလက်တွေအရ အီရန်ဟာ ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားတဲ့ ယူရေနီယမ် ၄၄၀ ဒသမ ၉ ကီလိုဂရမ်အထိ သိုလှောင်ထားတယ်လို့ ဆိုပါတယ်။ အဆိုပါ ယူရေနီယမ်တွေကို လက်နက်ထုတ်လုပ်ရေးအတွက် အသုံးပြုမယ်ဆိုရင် နျူကလီးယားဗုံး ၁၀ လုံးအထိ ထုတ်လုပ်နိုင်တဲ့ ပမာဏဖြစ်တယ်လို့ IAEA အကြီးအကဲ ရာဖေးလ် ဂရော့စီက ပြောဆိုထားပါတယ်။

Ref & Photo; AP

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ဒုတိယကမ္ဘာစစ်တုန်းက နှစ်နိုင်ငံ မဟာမိတ်ဖြစ်ခဲ့တဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ဒါဟာ စစ်သမိုင်းကို ပုံဖျက်ဖို့ ဘေဂျင်းဘက်က…

ဖတ်ရန်
အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ; နိုင်ငံတကာသတင်း

အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ;

မိုးသည်းထန်စွာ ရွာသွန်းပြီး မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်း နီပေါနိုင်ငံတို့မှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း နိုင်ငံတကာသတင်း

ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း

လေးနှစ်ခွဲကျော်ကြာလာတဲ့ ရုရှားကျူးကျော်စစ်ကို သံတမန်နည်းနဲ့ အဆုံးသတ်နိုင်ရေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိအားပေးပြီး ရုရှားအပေါ် တရုတ်ရဲ့ သြဇာကို အသုံးချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ယူကရိန်းသမ္မတ…

ဖတ်ရန်
ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဝါရှင်တန်မှာ တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်အနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ကို လိုက်နာဖို့ တိုက်တွန်းခဲ့တဲ့အပေါ် ထိုင်ဝမ်အစိုးရက…

ဖတ်ရန်