အရေးပေါ်
နိုင်ငံတကာသတင်း

ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ကုလသမဂ္ဂမှာ ဆက်လက်ရှိနေမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

၂၀၂၆ စက်တင်ဘာ ၂၀ Myo Taw
ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ကုလသမဂ္ဂမှာ ဆက်လက်ရှိနေမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ကုလသမဂ္ဂမှာ ဆက်လက်ရှိနေမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

စက်တင်ဘာ ၂၀

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ရုံးချုပ်အနီးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် ထောက်ခံချီတက်ဆန္ဒဖော်ထုတ်ပွဲကို စက်တင်ဘာလ ၁၉ ရက်က ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ထောက်ခံချီတက်ဆန္ဒပြပွဲကို Global Action for Credential Campaign 2026 အဖြစ် Our UN Ambassador HE Kyaw Moe Tun, True Voice of Myanmar ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ထောက်ခံစကား ပြောကြားခဲ့တယ်လို့ New York City Burmese Community (NYCBC) က ထုတ်ပြန်ထားပါတယ်။

"ဒီနေ့မှာ လူဦးရေ ၅၀၀ လောက် စုရုံးပြီး ဆန္ဒပြတောင်းဆိုကြတယ်။ ဒီ New York မြို့မှာရှိတဲ့ အထင်ကရလမ်းတွေကို ချီတက်ပြီး ဆန္ဒပြကြတယ်။ မနှစ်ကထက် လူပိုများတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အရင်နှစ်တွေကလိုပဲ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်နဲ့ ဆက်လက်ထားရှိဖို့အတွက်လည်း သတင်းအချက်အလက်တွေ ရရှိထားတယ်ဆိုပြီးတော့ သံအမတ်ကြီးက ပြောသွားတယ်" လို့ ဆန္ဒပြပွဲကို တက်ရောက်ခဲ့သူ တဦးက မြို့တော်ကိုပြောပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ ကုလသမဂ္ဂရုံးချုပ်ရှေ့ကနေ နယူးယောက် မြို့လယ်လမ်းမတွေကို ဖြတ်ပြီး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြကာ ကုလသမဂ္ဂရုံးချုပ်အနီးကို ပြန်လည်ရောက်ရှိလာတဲ့ ဆန္ဒထုတ်ဖော်ကြတဲ့သူတွေကို နယူးယောက်ဒေသခံ အလှူရှင်တွေက နေ့လယ်စာနဲ့ ဧည့်ခံကျွေးမွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (9)

ဆက်စပ် သတင်းများ

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ဒုတိယကမ္ဘာစစ်တုန်းက နှစ်နိုင်ငံ မဟာမိတ်ဖြစ်ခဲ့တဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ဒါဟာ စစ်သမိုင်းကို ပုံဖျက်ဖို့ ဘေဂျင်းဘက်က…

ဖတ်ရန်
အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ; နိုင်ငံတကာသတင်း

အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ;

မိုးသည်းထန်စွာ ရွာသွန်းပြီး မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်း နီပေါနိုင်ငံတို့မှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း နိုင်ငံတကာသတင်း

ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း

လေးနှစ်ခွဲကျော်ကြာလာတဲ့ ရုရှားကျူးကျော်စစ်ကို သံတမန်နည်းနဲ့ အဆုံးသတ်နိုင်ရေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိအားပေးပြီး ရုရှားအပေါ် တရုတ်ရဲ့ သြဇာကို အသုံးချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ယူကရိန်းသမ္မတ…

ဖတ်ရန်
ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဝါရှင်တန်မှာ တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်အနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ကို လိုက်နာဖို့ တိုက်တွန်းခဲ့တဲ့အပေါ် ထိုင်ဝမ်အစိုးရက…

ဖတ်ရန်