ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မင်္ဂလာတောင်ညွန့်မှာ ရွှေဆိုင်ပိုင်ရှင်ကို တူနဲ့ထုကာ ငွေလုယူသွားသူကို ဒေသခံ ၂ ဦးက ဖမ်းဆီးကာ ရဲလက်အပ်
စက်တင်ဘာ ၂၀
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရွှေဆိုင်ပိုင်ရှင်ကို တူနဲ့ထုကာ ပစ္စည်းလုယူသူကို ဒေသခံပြည်သူ ၂ ဦးက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ရတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၁၀ နာရီခန့်က ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတောရပ်ကွက် အထက်ပုဇွန်တောင်လမ်းက “ရွှေနဝလီ” ဆိုင်ပိုင်ရှင်ထံကို အမျိုးသားတဦး ရောက်လာကာ ရွှေအတုတခုကို ရောင်းလိုကြောင်း ပြောဆိုပြီး ဆိုင်ရှင်လက်ထဲမှာပါလာတဲ့ ပိုက်ဆံတွေကို လုယူကာ ဆိုင်ရှင်ကို တူနဲ့ထုပြီး ထွက်ပြေးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“မြေညီထပ် လှေကားခွင်မှာ ဖြစ်တာ။ ဆိုင်ရှင် ဦးမျိုးတင့်ကို ရွှေရောင်းချင်လို့ပါဆိုပြီး ခေါ်ပြတာ။ ဆိုင်ရှင်ကလည်း ပိုက်ဆံပါယူလာတော့ သူ့လက်ထဲက ရွှေအတုတွေကို ဆိုင်ရှင်ကိုပြတယ်။ ဆိုင်ရှင်အလစ်မှာ ခေါင်းကို တူနဲ့ထုပြီး လက်ထဲက ပိုက်ဆံတွေ လုပြေးတာ။ လမ်းမှာသွားနေတဲ့ ဦးခင်မောင်ချိုနဲ့ ဦးအောင်ကျော်ဟိန်း တို့ကတွေ့ပြီး လိုက်ဖမ်းပေးတာ။ တရာခံတန်းမိတယ်” လို့ မျက်မြင်တွေ့ရှိသူဦးက ပြောပါတယ်။
လုယက်ခဲ့သူ ကိုဝင်းပိုင်စိုး အသက် ၃၀ ဝန်းကျင်ဟာ ရွှေဆိုင်ပိုင်ရှင် ဦးမျိုးတင့်လက်ထဲက ငွေကျပ် သိန်း ၄၀ ဝန်းကျင်ကို လုယူထွက်ပြေးရင်း ရေကျော်လမ်းနဲ့ လိပ်ကန်လမ်းဆုံမှာ ဒေသခံ ၂ ဦးရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
“လုတဲ့သူ ဝင်းပိုင်စိုးက ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းထဲမှာ နေတဲ့သူလို့ သိရတယ်။ ခုတလော ရန်ကုန်မှာ လက်ရဲဇက်ရဲတွေ များလာတယ်" လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။
လတ်တလောမှာ မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပြီး တူနဲ့ ငယ်ထိပ်အထုခံခဲ့ရတဲ့ ဦးမျိုးတင့်ကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
အလားတူ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းကလည်း စမ်းချောင်းမြို့နယ်၊ ညဈေးတန်းရှေ့၊ ဗားဂရာလမ်းမကြီးပေါ်မှာ နေ့ခင်းကြောင်တောင် လူမြင်ကွင်းကြီးထဲတင် ကောလိပ်ကျောင်းသား လူငယ် ၂ ဦးကို လူငယ်အုပ်စုတစုက ဓားနဲ့ဝိုင်းထိုးလို ကျောင်းသားတဦး အဆုတ်ထဲထိ ဓားနှစ်ချက်စိုက်ကာ သေဆုံးခဲ့ပြီး ကျန်တဦးကတော့ ဦးခေါင်းထိကာ သတိလစ်မေ့မျောခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…