ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
တောင်ကြီးမြို့ပေါ်က လုပ်စားလို့ကောင်းတဲ့ ရပ်ကွက်တွေမှာ တာဝန်ကျချင်ရင် ငွေပေးနေရပြီး ရပ်ကျေးစာရေးတွေကလည်း စစ်မှုထမ်းကြေးလို့ဆိုကာ သိန်းရာနဲ့ချီ ငွေညစ်နေ
စက်တင်ဘာ ၈
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် အတွင်းရှိ ထွေအုပ် ရပ်/ကျေး စာရေးတွေ အလှည့်ကျ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရေးနဲ့ ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ငွေကြေးရယူကာ ပြောင်းရွှေ့ပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြို့ပေါ်က နေရာကောင်းပြီး လုပ်စားလို့ကောင်းတဲ့ ရပ်ကွက်တွေမှာ တာဝန်ကျချင်ရင် ရပ်/ကျေးစာရေးတွေက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း ကို ငွေကျပ် သိန်းဆယ်နဲ့ချီ ပေးနေရတယ်လို့ သိရပါတယ်။
"မြို့ပေါ်က ဂွင်ကောင်းတဲ့ ရပ်ကွက်တွေဖြစ်တဲ့ ကန်ကြီးရပ်ကွက်၊ ရေအေးကွင်းရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်၊ ဘုရားဖြူရပ်ကွက်၊ ညောင်ဖြူစခမ်းရပ်ကွက်၊ လမ်းမတော်ရပ်ကွက် တို့မှာ တာဝန်ကျဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ငွေပေးရတယ်။ သူက Kpay နဲ့ လက်ခံတယ်။နောက်ပိုင်း အဲ့သတင်းက လိုင်းပေါ်မှာတက်လာတော့ ရပ်/ကျေး စာရေးတွေကို အစည်းအဝေးခေါ်ပြီး သူ့အနေနဲ့ ငွေကြေးအရှုပ်အရှင်း ကင်းရှင်းကြောင်း လက်မှတ်ရေးထိုးခိုင်းတယ်" လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူက မြို့တော်ကို ပြောပါတယ်။
တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်ရုံးမှာ တာဝန်ကျနေတဲ့ စာရေးမ မအိခင်ဟာ သြဂုတ်လ အစပိုင်းကမှ လမ်းမတော် ရပ်ကွက်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကန်ရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘဖြူနှင့် ပေါင်းကာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက ကန်ရှေ့ရပ်ကွက် အတွင်းရှိ အိမ်ထောင်စု ၂ စုထံမှ စစ်မှုထမ်း ရှောင်လွှဲဖို့လို့ဆိုကာ ငွေကျပ် သိန်း ၁၇၀ ငွေညှစ်ခဲ့တယ်လို့ သိရပါတယ်။
"စာရေးမ မအိခင်က ကန်ရှေ့ရပ်ကွက်က လူငယ် ၂ ဦးရဲ့ မိဘတွေဆီသွားပြီး လာမယ့် စစ်မှုထမ်းအပတ်စဥ်မှာ စစ်မှုထမ်းရမယ်။ မပါချင်ရင် ၈၅ သိန်းပေးရမယ်။ အိမ်ထောင်စု နှစ်စုလုံးဆီက သိန်း ၁၇၀ ငွေညှစ်တယ်။ ခုကိစ္စကို ဘယ်သူ့မှ ပြန်မပြောရဘူးလို့ ပြောတယ်။ ပြောလို့ရှိရင် လာမယ့် စစ်မှုထမ်းအပတ်စဉ်ထဲ ထည့်ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်" လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူက မြို့တော်ကို ပြောပါတယ်။
ရပ်/ကျေး စာရေးမ မအိခင်ဟာ ရရှိလာတဲ့ ငွေတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဘဖြူ နှင့် ခွဲဝေယူခဲ့ကြတယ်လို့ သိရပြီး စာရေးမ မအိခင်ဟာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ဇနီး ဖြစ်သူနဲ့ အတော်လေးရင်းနှီးသလို လူယုံအဖြစ်လုပ်ထားတာကြောင့် အခုလိုတွေ ခြိမ်းခြောက်ငွေညစ်တောင်းခံတာတွေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း က သိရှိပေမဲ့ လျစ်လျူရှုပေးထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…