ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခါနီးမှ သေဆုံးမှုကို သံသယရှိလို့ အမှုဖွင့်ကာ ဆေးရုံကိုပြန်သယ်ပြီး စစ်ဆေးနေ
စက်တင်ဘာ ၁၆
ရုပ်အလာင်းကို မီးသင်္ဂြိုဟ်ခါနီး ရေဝေးရောက်ပြီးမှ သံသယဖြစ်စရာ တွေ့ရှိခဲ့လို့ ဆေးရုံကို ပြန်သယ်ကာ အမှုဖွင့်ခဲ့ရတဲ့ဖြစ်ရပ်တခု ရန်ကုန်မြို့မှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ရုတ်တရက်သေဆုံးခဲ့ပြီး ရုပ်အလောင်းကို နေအိမ်မှ သေဆုံးသူရဲ့ ခင်ပွန်းဘက်က ဆွေမျိုးတွေနဲ့ ရေဝေးသုဿာန်ကို ပို့ဆောင်ကာ အအေးခန်းမှာ ထားရှိခဲ့တယ်လို့ သိရပါတယ်။
"၈ ရက်နေ့ကထိ သူအလုပ်လုပ်နေတယ်ဆိုပြီး စကားပြော ဖြစ်သေးတယ်။ ၉ ရက်နေ့မှာ သူ့ယောကျာ်းဘက်က သေပြီဆိုပြီး ဖုန်းဆက်လာတာ။ သင်္ဂြိုဟ်မယ့်နေ့မှာ သူ့အမဝမ်းကွဲက သွားပြီးကြည့်တာ ရုပ်အလောင်းမှာ ဒဏ်ရာတွေတွေ့လို့ ရဲခေါ်ပြီး ပြန်စစ်ရတာ" လို့ ရဲစခန်းနဲ့ နီးစပ်သူက မြို့တော်ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၃ နှစ်အရွယ် မဘီဇော်လီ ဖြစ်ပြီး ရုပ်အလောင်း သဂြိုလ်မယ့်နေ့မှာ သေဆုံးသူရဲ့ အစ်မဝမ်းကွဲတော်စပ်သူက မျက်နှာပေါ်ခြုံထားတဲ့ ပု၀ါကို လှန်ကြည့်ရာက လည်ပင်း ညာဘက်မှာ ထိုးသွင်းဒဏ်ရာတွေ တွေ့ခဲ့ပြီးနောက် သံသယဝင်ကာ ရဲစခန်းမှာ အမှုဖွင့်ပြီး ရုပ်အလောင်းကို ဆေးရုံပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အိမ်ထောင်ကျတာ ၆ လ ခန့်သာ ရှိသေးတယ်လို့ သိရပြီး မီးသင်္ဂြိုဟ်ခါနီးမှ ရုပ်အလောင်းကို ရေဝေးအအေးခန်းက တစ်ဆင့် စံပြဆေးရုံကို ပြန်လည်သယ်ဆောင်ကာ ရင်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…