အရေးပေါ်
ပြည်တွင်းသတင်း

အမြန်လမ်းပေါ်မှာ ယာဉ်မောင်းကို ရိုက်နှက်သတ်ဖြတ်ပြီး ကား လုသွားသူကို ဖမ်းဆီးရမိပြီလို့ဆို

၂၀၂၆ စက်တင်ဘာ ၇ Myo Taw
အမြန်လမ်းပေါ်မှာ ယာဉ်မောင်းကို ရိုက်နှက်သတ်ဖြတ်ပြီး ကား လုသွားသူကို ဖမ်းဆီးရမိပြီလို့ဆို

အမြန်လမ်းပေါ်မှာ ယာဉ်မောင်းကို ရိုက်နှက်သတ်ဖြတ်ပြီး ကား လုသွားသူကို ဖမ်းဆီးရမိပြီလို့ဆို

စက်တင်ဘာ ၇

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၇၉/၁) အနီးမှာ ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူ အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့ကာ ကား လုသွားသူကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နေ အသက် ၃၄ နှစ်အရွယ်ရှိ ဦးဝင်းကို ကို အမျိုးသားတစ်ဦးက နေပြည်တော်ကနေ မိတ္တီလာကို ကား ငှားခဲ့တယ်လို့သိရပြီး ညနေ ၅ နာရီမှာ ရန်ကုန် - မန္တလေး လမ်းပေါ်မှာ နွားကျောင်းသား တစ်ဦးက ဦးဝင်းကိုရဲ့ ရုပ်အလောင်းကို တွေ့ခဲ့တာလို့ သိရပါတယ်။

"သူမိသားစုက ၄ နာရီခွဲမှာ သူ့ဖုန်းကိုဆက်တော့ အမျိုးသားတယောက်ကိုင်ပြီး ဖုန်းစက်ပိတ်လိုက်တယ် ပြောတယ်။ အဲ့ကနေ လိုက်ရှာကြတာ၊ အလောင်းကို နွားကျောင်းသားလေးကတွေ့တာ။ လမ်းဘေးမှာ သတ်ပြီး စွန့်ပစ်ထားတာ။ မျက်နှာနဲ့ ခေါင်းမှာ ဒဏ်ရာတွေနဲ့ သေနေတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီခွဲကျော်မှာ အမြန်လမ်းဘေး ပေ ၃၀၀ ကျော် အကွာအဝေးမှာ ဦးခေါင်းနဲ့ မျက်လုံးတို့မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးဝင်းကို ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြပြီး ရင်ခွဲရုံကို ပို့ဆောင် စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

"သေနတ် ဒဏ်ရာလည်း တွေ့တယ်လို့ပြောတယ်။ ထုရိုက်သတ်ရုံတင် မဟုက်ဘူး။ သေနတ် နဲ့ ပစ်တာထင်တယ်။ ခုမနက် ၅ နာရီလောက်က တရားခံကို မိပြီလို့ ကြားတယ်" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဦးဝင်းကို ကို သတ်ဖြတ်ပြီး 9Q/4825 Hyundai Accent အဖြူရောင် ကားကို လုယက်မောင်းနှင် ထွက်ပြေးသွားခဲ့တဲ့ တရားခံလို့ ယူဆရသူကို နေပြည်တော် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်