အရေးပေါ်
ပြည်တွင်းသတင်း

မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးဆက်ကြီးနိုင်တယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၂၄ Myo Taw
မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးဆက်ကြီးနိုင်တယ်လို့ဆို

မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးဆက်ကြီးနိုင်တယ်လို့ဆို

စက်တင်ဘာ ၂၄

ICON Model ရဲ့ ခန့်မှန်းသုံးသပ်အရ စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် အနီးဝန်းကျင်မှာ မိုးအလွန်များနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ထားပြီး လာမယ့် ၂၄ နာရီအတွင်း မိုးရေချိန် ၇၀ မီလီမီတာ မှ ၁၂၅ မီလီမီတာအထိ၊ နေရာကွက်ပြီး ၁၅၀ မီလီမီတာနီးပါးအထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

အိန္ဒိယမိုးလေဝသဌာန (IMD) နှင့် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ကုန်းတွင်းပိုင်းမှာ ဆက်လက် တည်ရှိနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ဟာ အိန္ဒိယကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားပေမယ့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း အနောက်တောင် မုတ်သုံလေအား ဆက်လက်ကောင်းမွန်စေဖို့ ထိန်းပေးထားပြီး အထူးသဖြင့် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းနိုင်ငံဘက်မှ တိုးဝင်လာတဲ့ မုတ်သုံတိမ်တိုက်တွေဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့ဘက်သို့ မိုးစိပ်စိပ်နှင့် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းစေမယ်လို့ ဆိုပါတယ်။

ICON Model ရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၂၄ ရက်မှ ၃၀ ရက်အထိ ၇ ရက်အတွင်း မုတ်သုံလေ တိုက်ရိုက်ကျရောက်ရာ မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ စုစုပေါင်း မိုးရေချိန် ၁၇၀ မီလီမီတာမှ ၂၉၁ မီလီမီတာအထက်အထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တောင်တန်းဒေသတွေမှာ လျှပ်တစ်ပြက် တောင်ကျရေ ကျတာနှင့် မြေပြိုတာတွေ သတိပြုရမှာဖြစ်ပြီး ဧရာဝတီတိုင်း မြေနိမ့်ပိုင်းဒေသတွေနှင့် လေးမျက်နှာ အပါအဝင် ငဝန်မြစ်ဝှမ်း ဒေသတွေမှာ မိုးရွာသွန်းမှုနှင့် ပင်လယ်ဒီရေ ပိတ်ဆို့မှုတွေကြောင့် ရေကြီးရေဝပ်မှု အခြေအနေဆက်လက် တည်ရှိနေမယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ မိုးသည်ထန်စွာရွာသွန်းနိုင်ပြီး မိုးရေချိန် ၁၀၄ မီလီမီတာမှ ၂၂၁ မီလီမီတာ၊ ရန်ကုန်တိုင်းမှာ ၁၃၂ မီလီမီတာမှ ၁၇၀ မီလီမီတာအထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း (တောင်ပိုင်း/အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း) တို့မှာ မိုးရေချိန် ၁၀၀ မီလီမီတာ မှ ၁၈၀ မီလီမီတာ အထိ ရရှိနိုင်တာကြောင့် ပဲခူးမြစ်နှင့် စစ်တောင်းမြစ်ကြောင်းတွေအတွင်း ရေမျက်နှာပြင်တွေ မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အနီး ရောက်ရှိနိုင်တာကြောင့် သတိထား စောင့်ကြည့်ရပါမယ်လို့ ဆိုပါတယ်။

ရှမ်းတောင်နှင့် ရှမ်းအရှေ့တို့မှာ တောင်ကျချောင်းရေ ရုတ်တရက် တက်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ စုစုပေါင်း မိုးရေချိန် ၆၀ မီလီမီတာ မှ ၁၂၆ မီလီမီတာအထိ ရရှိနိုင်ပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ရေမျက်နှာပြင်တွေ အနည်းငယ် မြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း(အောက်ပိုင်း)တို့မှာ ရခိုင်ရိုးမ ကာဆီးထားတဲ့အတွက် ၇ ရက်တာ မိုးရေချိန် ၅၀ မီလီမီတာအောက်သာ ရရှိမှာဖြစ်ပြီး မိုးပါးမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်