အရေးပေါ်
ပြည်တွင်းသတင်း

မုံရွာမှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦး မိသားစုလိုက် ပြန်ပေးဆွဲခံရပြီး ကလေးတွေပါ ပါသွား

၂၀၂၆ စက်တင်ဘာ ၂၆ Myo Taw
မုံရွာမှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦး မိသားစုလိုက် ပြန်ပေးဆွဲခံရပြီး ကလေးတွေပါ ပါသွား

မုံရွာမှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦး မိသားစုလိုက် ပြန်ပေးဆွဲခံရပြီး ကလေးတွေပါ ပါသွား

စက်တင်ဘာ ၂၆

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ရုံးစိုက်ရာ မုံရွာမြို့မှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးရဲ့ မိသားစုတခုလုံးကို နေအိမ်ထဲထိ ဝင်ရောက်ကာ ပြန်ပေးဆွဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ကန်သာယာအနီးမှာ နေထိုင်တဲ့ လူသိများတဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ကိုမျိုးမင်းသန့်ရဲ့ နေအိမ်ထဲကို လက်နက်ကိုင် အဖွဲ့တခုက ခြံစည်းရိုးကျော်ပြီး ဝင်ရောက်လာကာ ကိုမျိုးမင်းသန့်နဲ့ ဇနီးဖြစ်သူအပြင် သမီးဖြစ်သူ ကလေး ၂ ဦးကိုပါ ပြန်ပေးဆွဲ ဖမ်းဆီခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။

“ဖြစ်သွားတာ ဟုတ်ပါတယ်၊ သူတို့ခြံထဲ ကျော်ဝင်ပြီး ခေါ်သွားတာ။ တပ်ဘက်က ညဘက်ကြီး ဝင်ဖမ်းသွားတာလို့ ထင်နေတာ။ မနက်ကျမှ တပ်က ဖမ်းတာမဟုတ်ဘူး ပြန်ပေးဆွဲတာလို့ ကြားတာ။ အခု သူတို့အိမ် တံခါးပိတ်ထားတယ်၊ ကလေးတွေလည်း ပါသွားတယ်။ ရဲတိုင်လည်း ဘယ်တုန်းကမှ ဖမ်းမိဖူးတာ မရှိတော့ အလုပ်ရှုပ်ရုံပါပဲ” လို့ ဒေသခံအမျိုးသမီးတဦးက မြို့တော်ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်အပြင် လက်အောက်ခံ ပျူစောထီးနဲ့ ရဲ အင်အားအများအပြား တည်ရှိတဲ့ မုံရွာမြို့မှာ အခုလို ပြန်ပေးဆွဲ ခံရမှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် မြို့ပေါ်ရပ်ကွက်က လုပ်ငန်းရှင်တွေထဲ နေရပ်စွန့်ခွာသွားကြသူတွေ အတော်များများ ရှိနေတယ်လို့ ဆိုပါတယ်။

“မုံရွာမြို့ပေါ်က စစ်တပ်ထိန်းချုပ်ထားတာတော့ ဟုတ်တယ်၊ ခုလို မှုခင်းကိစ္စတွေကို သူတို့က တာဝန်မယူဘူး။ သူတို့က ငွေတောင်းမယ်၊ ပေါ်တာဆွဲမယ်ပဲ လုပ်တော့တာ။ မုံရွာမြို့ပေါ်မှာ ခုရက်ထဲ ပြန်ပေးဆွဲခံရသူတွေ၊ အသတ်ခံရသူတွေ အများကြီးပဲ။ ဘယ်အမှုမှ တရားခံ မမိဘူး၊ လိုက်လည်း မစုံစမ်းဘူး” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ် ထောက်ခံသူတွေဘက်ကတော့ တော်လှန်ရေးတပ်တွေ ဖမ်းဆီးသွားတာလို့ ဝါဒဖြန့် စွပ်စွဲပြောဆိုနေကြပေမယ့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်တဲ့ မုံရွာမြို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်အင်အား အများအပြားနဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့မြို့ ဖြစ်ပါတယ်။

ဒါ့အပြင် ညမထွက်ရအမိန့်လည်း ကြေညာထားပြီး ညနေ ၆ နာရီနောက်ပိုင်း ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် မြို့ခံတွေ အပြင်မထွက်ရဲကြတဲ့ အခြေအနေဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့၊ အောင်ချမ်းသာနယ်မြေ(၄)၊ သံလမ်းအရှေ့ဘက်က အိမ်ခြံမြေပွဲစား ကိုကျော်စိုးကို အိမ်ခြံဝန်းပြပေးဖို့ ခေါ်ဆောင်သွားပြီး ဓားနဲ့ ၇ ချက်ခန့် ထိုးသတ်ခဲ့တဲ့အပြင် သေဆုံးသူရဲ့ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ အိမ်ခြံမြေအရောင်းအဝယ်လုပ်ကိုင်သူ ကိုဓူဝံ ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာက ဒီကနေ့ထိ အဆက်သွယ်ပြတ်တောက်ကာ သေသလား ရှင်သလားပင် မသိရသေးဘူးလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်