ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
လွိုင်ကော် အရှေ့ခြမ်းက နောင်ပုလုရွာကို အာဏာသိမ်း စစ်တပ်က ဗုံးကြဲခဲ့လို့ ကလေးငယ်တွေ အပါအဝင် ၄ ဦး သေဆုံး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရ
စက်တင်ဘာ ၆
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ၈ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က လွိုင်ကော်မြို့နယ်၊ နောင်ပုလုကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
"လွိုင်ကော်-ရှားတောလမ်းပိုင်းနားက နောင်ပုလုရွာကို ကြဲတာ။ ပေါင် ၂၀၀ ဗုံး ၂ လုံးနဲ့ ကြဲသွားတာ။ ဆော့နေတဲ့ ကလေး ၂ ဦး နဲ့ လူကြီး ၂ ဦး၊ ပေါင်း ၄ ဦး သေတယ်။ ကျန်တဲ့ ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရတယ်။ ၈ ယောက်ကတော့ စိုးရိမ်ရတယ်။ လွိုင်ကော် အရှေ့ခြမ်းမှာရှိတဲ့ ရွာတွေကို ခုရက်ထဲ လေကြောင်းကနေ တိုက်ခိုက်နေတာ" လို့ ဒေသခံ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကလည်း ကရင်နီပြည်နယ်၊ မော်ချီး ဒေသကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…