အရေးပေါ်
ပြည်တွင်းသတင်း

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့အရေးကို ထိပ်တန်းဦးစားပေးအဖြစ် ထည့်သွင်းစဥ်းစားပေးဖို့ S2S တောင်းဆို

၂၀၂၆ စက်တင်ဘာ ၈ Myo Taw
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့အရေးကို ထိပ်တန်းဦးစားပေးအဖြစ် ထည့်သွင်းစဥ်းစားပေးဖို့ S2S တောင်းဆို

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့အရေးကို ထိပ်တန်းဦးစားပေးအဖြစ် ထည့်သွင်းစဥ်းစားပေးဖို့ S2S တောင်းဆို

စက်တင်ဘာ ၈

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ စက်တင်ဘာလ ၇ ရက် မနေ့က ပြုလုပ်တဲ့ အပြန်အလှန် ဆွေးနွေးပွဲမှာ Sisters2Sisters (S2S) အဖွဲ့က မြန်မာနိုင်ငံရဲ့ လက်ရှိမြေပြင် အခြေအနေတွေကို တိုက်ရိုက် တင်ပြဆွေးနွေးခဲ့ပြီး ကမ္ဘာ့မူဝါဒ ချမှတ်သူတွေအနေနဲ့ မြန်မာ့အရေးကို ထိပ်တန်းဦးစားပေးအဖြစ် ထည့်သွင်းစဥ်းစားပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာ တင်သွင်းမှုအပြီးမှာ ပြုလုပ်တဲ့ အပြန်အလှန် ဆွေးနွေးပွဲ (Enhanced Interactive Dialogue) မှာ S2S အစီအစဉ် ဒါရိုက်တာ (Program Director) က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲနှင့် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေနှင့်အတူ ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

"မြန်မာပြည်ရဲ့ နိုင်ငံရေးကို စဉ်းစားရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ဆိုရင် လူနည်းစုတွေ အထူးသဖြင့် အမျိုးသမီးတွေ လူငယ်တွေနဲ့ အမြဲတမ်း ခွဲခြားခံထားရတဲ့ အင်အားစုတွေရဲ့ အသံကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို ပြည်သူတွေက မြေပြင်ကနေ တည်ဆောက်နေတဲ့အချိန်မှာ အားပေးထောက်ပံ့ဖို့ လိုတယ်ဆိုတဲ့ အချက်တွေကို ကျမတို့ လူ့အခွင့်အရေးကောင်စီမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်" လို့ Sisters2Sisters ရဲ့ ဒါရိုက်တာ မသဉ္ဇာရွှန်းလဲ့ရည်က မြို့တော်ကို ပြောပါတယ်။

Sisters2Sisters (S2S) အဖွဲ့ရဲ့ တင်ပြချက်မှာ မြန်မာနိုင်ငံရဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာက ထိရောက်စွာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေး တောင်းဆိုမှုတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

"အခုဆိုရင် ကချင်ပြည်နယ် မြစ်ဆုံဆည်ကို ပြန်စဖို့ လုပ်နေတဲ့ စစ်အုပ်စုရဲ့ အကြံအစည်ကို ကျမတို့အနေနဲ့ လျစ်လျူရှုထားလို့ မရဘူး။ ဒါသည် ပိုပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ ပြီးရင် ကျမတို့ ပြည်သူတွေ ရွှေ့ပြောင်း အခြေချရမယ့် အနေအထားတွေ၊ အမျိုးသမီးတွေအပေါ်မှာ ဖိနှိပ်တဲ့ အနေအထားတွေ အများကြီး ဖြစ်လာနိုင်ချေ ရှိတယ်ဆိုတာကိုလည်း ကျမတို့ အသိပေး မီးမောင်းထိုးပြခဲ့တယ်" လို့ Sisters2Sisters ရဲ့ ဒါရိုက်တာ မသဉ္ဇာရွှန်းလဲ့ရည်က မြို့တော်ကို ပြောပါတယ်။

ပဋိပက္ခကြောင့် အမျိုးသမီးတွေနှင့် မိန်းကလေးငယ်တွေ၊​ LGBTIQ တွေအပေါ် ရိုက်ခတ်တဲ့ ခွဲခြားဆက်ဆံမှုဆိုင်ရာ သက်ရောက်မှုတွေကိုလည်း ကမ္ဘာ့ မူဝါဒ ချမှတ်သူတွေအနေနဲ့ ထိပ်တန်းဦးစားပေးအဖြစ် ထည့်သွင်းစဉ်းစားဖို့ တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်