ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
နေပြည်တော်မှာ အမျိုးသားတဦး သူငယ်ချင်းတွေနှင့်အတူ အရက်သောက်ပြီး ရေဆင်းကူးရာ ရေနစ်သေဆုံး
စက်တင်ဘာ ၁၀
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ မြမြင့်မိုရ်လမ်းရှိ ရေငန်းဆည်အတွင်း စက်တင်ဘာလ ၉ ရက် မနေ့က မွန်းလွဲ ၁၂ နာရီခန့်မှာ အမျိုးသားတစ်ဦး ရေဆင်းကူးရာက ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သိပ္ပံနှင့် နည်းပညာ (ကွန်ပြူတာနည်းပြ)ဖြစ်သူ အသက် ၂၇ နှစ်အရွယ်ရှိ ကိုထင်လင်း ဟာ သူငယ်ချင်းတွေနှင့်အတူ အရက်သောက်ပြီး ဉာဏသိဒ္ဓိရပ်ကွက်၊ မြမြင့်မိုရ်လမ်းရှိ ရေငန်းဆည်အတွင်း ရေဆင်းကူးရာ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ရေနစ်သေဆုံးသွားသူ ကိုထင်လင်းရဲ့ အလောင်းကို စက်တင်ဘာလ ၉ ရက် မနေ့က မွန်းလွဲ ၁ နာရီကျော်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး နေပြည်တော် ခုတင်-၁၀၀၀ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်လို့ စိုးမိုးသူပရဟိတ လူမှုကူညီရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုစိုးမိုး ထံက သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…