အရေးပေါ်
ပြည်တွင်းသတင်း

တောဝက်ထောင်ဖမ်းရင်း အခွေ့ခံရလို့ အမျိုးသားတဦး သေဆုံး

၂၀၂၆ နိုဝင်ဘာ ၁၂ Myo Taw
တောဝက်ထောင်ဖမ်းရင်း အခွေ့ခံရလို့ အမျိုးသားတဦး သေဆုံး

တောဝက်ထောင်ဖမ်းရင်း အခွေ့ခံရလို့ အမျိုးသားတဦး သေဆုံး

နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ တောဝက်အခွေ့ခံရလို့ အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်က ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ ပြိန်းခါးကျေးရွာက အသက် ၅၅ နှစ်အရွယ် ဦးလုံးစိုင်း ဆိုသူဟာ ထောင်ချောက်ထဲမိနေတဲ့ တောဝက်ကို သွားရောက်စစ်ဆေးရာက ပြန်မလာတော့ဘဲ နောက်တနေ့မှာ တောဝက်အခွေ့ခံရပြီး သေဆုံးလျက် ရုပ်အလောင်းကို တွေ့ခဲ့တယ်လို့ သိရပါတယ်။

“တူမီးသေနတ် ၁ လက်နဲ့ တောဝက်ထောင်ထားတဲ့ ပိုက်ကို သွားကြည့်တာ။ အဲနေ့ တနေကုန်ပြန်မလာလို့ ရွာကလူတွေ လိုက်သွားတော့ ချောင်းနဘေးမှာ အဝတ်တွေ စုတ်ပြတ်ပြီး သေနေတဲ့အလောင်း တွေ့တာ။ ပိုက်ကွန်မှာ တောဝက်မိထားတဲ့ လက္ခဏာ တွေ့တယ်။ တောဝက်က ရုန်းကန်ပြီး သူ့ကို ခွေ့တာမှာ သေသွားတာ ဖြစ်မယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့မှာ တောဝက်ထောင်ချောက် ချထားတဲ့ နေရာအနီး ချောင်းတခုအတွင်းမှာ ဦးလုံးစိုင်းကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို စစ်ဆေးကြည့်ရှုရာမှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ စုတ်ပြဲနေပြီး ခန္ဓာကိုယ်အနှံ့ ပွန်းပဲ့ဒဏ်ရာတွေ ရထားကာ တောဝက်အစွယ်နဲ့ ခွေ့ခံထားရတဲ့ဒဏ်ရာနဲ့ အကိုက်ခံရတဲ့ ဒဏ်ရာတွေလည်း တွေ့ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ် ထန်တလန်မြို့ ဇိုဖေရမ်ဒေသမှာ တောအတူလိုက်ရင် တောဝက်နဲ့ အထင်မှားကာ အချင်းချင်း သေနတ်နဲ့ ပစ်ခတ်မိလို့ အသက် ၃၀ ဝန်းကျင် လူငယ်အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး ရုပ်သံ ပြည်တွင်းသတင်း

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ ပြည်တွင်းသတင်း

ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဓာတ်ဆီတန်းဆီဝယ်နေသူတွေကို ဗီဒီယိုရိုက်ကာ TikTok ပေါ်တင်ခဲ့တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး ပြည်တွင်းသတင်း

ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၊ (၇)လမ်းထိပ်က ထရန်စဖော်မာအနီးမှာ ကျောင်းသားချင်း ရန်ဖြစ်ရာက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်