အရေးပေါ်
ပြည်တွင်းသတင်း

ဗန်းမော်ကို တက်လာတဲ့ စစ်တပ် ရေယာဥ်အုပ်စုက သေဆုံးရုပ်အလောင်းတွေကို ဒေသခံတွေက ဆယ်ယူပြီး သင်္ဂြိုဟ်ပေးနေရ

၂၀၂၆ စက်တင်ဘာ ၆ Myo Taw
ဗန်းမော်ကို တက်လာတဲ့ စစ်တပ် ရေယာဥ်အုပ်စုက သေဆုံးရုပ်အလောင်းတွေကို  ဒေသခံတွေက ဆယ်ယူပြီး သင်္ဂြိုဟ်ပေးနေရ

ဗန်းမော်ကို တက်လာတဲ့ စစ်တပ် ရေယာဥ်အုပ်စုက သေဆုံးရုပ်အလောင်းတွေကို ဒေသခံတွေက ဆယ်ယူပြီး သင်္ဂြိုဟ်ပေးနေရ

စက်တင်ဘာ ၆

ဗန်းမော်ဘက်ကို စစ်ကူဖို့ တက်လာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ရေယာဉ်တွေ တိုက်ခိုက်ခံရပြီးနောက် သေဆုံးစစ်သည်တွေရဲ့ ရုပ်အလောင်းတွေကို မြစ်ကမ်းနားဘေးမှာနေတဲ့ ဒေသခံတွေက ဆယ်ယူပြီး သင်္ဂြိုဟ်ပေးနေရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့က စတင်ကာ ရွှေကူ နဲ့ စင်းခန်းကြား တိုက်ပွဲမှာ ဧရာဝတီမြစ်ထဲ မျောပါလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင် ရုပ်အလောင်းတွေကို မြစ်ကမ်းနားဘေးမှာ နေထိုင်ကြတဲ့ ဒေသခံတွေက နေ့စဥ်တွေ့နေရတယ်လို့ သိရပါတယ်။

" မပခ တံဆိပ်တွေနဲ့ မျောလာတာ ဘယ်လောက် သေတယ် မသိဘူး။ ဒီနေ့အထိ ထီးချိုင့် ဘက်မှာတွေ့တာ ၁၀ လောင်းကျော်ပြီ။ ကျည်ကာဝတ်ထားတဲ့ အလောင်းတွေဆိုရင် မပေါ်လောက်ဘူး။ တချို့အလောင်းတွေကို ဆယ်ယူပြီး သင်္ဂြိုဟ်ပေးလိုက်ကြတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေကတော့ ရုပ်အလောင်းတွေဟာ ဒေသတွင်းက ရေလုပ်သားတွေရဲ့ ရုပ်အလောင်းတွေလို့ ပြောဆိုနေကြပေမဲ့ လက်မောင်းက ဘတ်တံဆိပ်နဲ့ ယူနီဖောင်းတွေက အာဏာသိမ်းစစ်တပ်ရဲ့ တံဆိပ်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်