အရေးပေါ်
ပြည်တွင်းသတင်း

အလှပြင်ဆိုင်မှာ မီးပြတ်ချိန် မီးစက်နှိုးထားရာက အောက်ဆီဂျင်ပြတ်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မျော

၂၀၂၆ စက်တင်ဘာ ၂၀ Myo Taw
အလှပြင်ဆိုင်မှာ မီးပြတ်ချိန် မီးစက်နှိုးထားရာက အောက်ဆီဂျင်ပြတ်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မျော

အလှပြင်ဆိုင်မှာ မီးပြတ်ချိန် မီးစက်နှိုးထားရာက အောက်ဆီဂျင်ပြတ်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မျော

စက်တင်ဘာ ၂၀

တနိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်ချိန် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်က အလှပြင်ဆိုင်မှာ မီးစက်နှိုးထားရာက အသက်ရှူကြပ်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မျောကာ အရေးပေါ် ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက် မနေ့က ည ၇ နာရီဝန်းကျင်ခန့်မှာ စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းက လက်သည်းအလှပြင်ဆိုင်မှာ မီးစက်နှိုးထားရာက အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ကာ မေ့မျောသွားခဲ့တာကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

“ဝန်ထမ်းတွေကော ဧည့်သည်တွေကော ၅ ယောက် အောက်ဆီဂျင်ပြတ်ပြီး သတိလစ်ကုန်လို့ ဆေးရုံပို့လိုက်ရတယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး” လို့ နီးစပ်သူတဦးက ပြောပါတယ်။

အနာဂတ်အလင်းတန်း ပရဟိတအသင်းက လူနာတင်ယာဉ် ၂ စီးနဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပြီး စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ခွဲဝန်းကျင်က စတင်ကာ တနိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်ပြီး လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့တယ်လို့ အာဏာသိမ်းအစိုးရလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် မတ်လတုန်းကလည်း စမ်းချောင်းမြို့နယ်က အလှပြင်ဆိုင်တဆိုင်မှာ မီးပြတ်နေချိန် မီးစက်နှိုးထားပြီး အခန်းတံခါးကို ပိတ်ထားမိရာက ဆိုင်ဝန်ထမ်း အပါအဝင် အမျိုးသမီး ၇ ဦး မူးဝေသတိလစ် မေ့မြောခဲ့ကြသလို ၂၀၂၅ ခုနှစ် မေလတုန်းကလည်း ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ မီးပြတ်နေချိန် မီးစက်နှိုးပြီး အိပ်ခဲ့ကြတဲ့ မိသားစု ၄ ယောက်နဲ့ အိမ်မွေးခွေးတကောင် အောက်ဆီဂျင်ပြတ်ကာ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်