အရေးပေါ်
ပြည်တွင်းသတင်း

မြဝတီမြို့ ရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ပြီး ကား ၂ စီးနှင့် မော်တော်ပီကယ်ရုံးမီးလောင်ပျက်စီး

၂၀၂၆ စက်တင်ဘာ ၁၃ Myo Taw
မြဝတီမြို့ ရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ပြီး ကား ၂ စီးနှင့် မော်တော်ပီကယ်ရုံးမီးလောင်ပျက်စီး

မြဝတီမြို့ ရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ပြီး ကား ၂ စီးနှင့် မော်တော်ပီကယ်ရုံးမီးလောင်ပျက်စီး

စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရဲစခန်းအနီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့နှင့် ရေပူမီးပွိုင့်အနီးမှာ စက်တင်ဘာလ ၁၃ ရက် ဒီကနေ့ မနက်အစောပိုင်း ၁ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိခဲ့ပေမဲ့ ကား ၂ စီးနှင့် ရေပူမီးပွိုင့်ရှိ မော်တော်ပီကယ်ရုံးတို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ကနဦး သိရပါတယ်။

အာဏာသိမ်း စစ်တပ် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်