အရေးပေါ်
ပြည်တွင်းသတင်း

မုန်တိုင်းအကြွင်းအကျန်နှင့် လေဖိအားနည်းဆဲလ်တွေကြောင့် နိုဝင်ဘာလ ၃ ရက်အထိ မြန်မာပြည်အနှံ့ မိုးဆက်ရွာသွန်းနိုင်တယ်လို့ဆို

၂၀၂၆ အောက်တိုဘာ ၂၈ Myo Taw
မုန်တိုင်းအကြွင်းအကျန်နှင့် လေဖိအားနည်းဆဲလ်တွေကြောင့် နိုဝင်ဘာလ ၃ ရက်အထိ မြန်မာပြည်အနှံ့ မိုးဆက်ရွာသွန်းနိုင်တယ်လို့ဆို

မုန်တိုင်းအကြွင်းအကျန်နှင့် လေဖိအားနည်းဆဲလ်တွေကြောင့် နိုဝင်ဘာလ ၃ ရက်အထိ မြန်မာပြည်အနှံ့ မိုးဆက်ရွာသွန်းနိုင်တယ်လို့ဆို

အောက်တိုဘာ ၂၈

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ်ကမ်းခြေ ရာနမ်မြို့တောင်ဘက် အနီးမှ မြေပြင်သို့ ဝင်ရောက်ဖြတ်ကျော်လျက်ရှိပြီး မြေပြင်နှင့် ထိတွေ့မှုကြောင့် အားပြင်းမုန်တိုင်းငယ်နှင့် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ လျင်မြန်စွာ အားလျော့နည်းသွားမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ ထုတ်ပြန်ချက်အရ မုတ်သုံမြောင်တန်းဟာ ကပ္ပလီပင်လယ်နှင့် ထိုင်းနိုင်ငံတောင်ပိုင်းကို ဖြတ်သန်းနေပြီး လေဖိအားနည်းဆဲလ်တွေနှင့် အရှေ့ဘက်မှ ရေငွေ့ခိုးတွေဟာ မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေဆီ တိုးဝင်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း) တို့မှာ မုန်တိုင်း ရဲ့ အစွန်အဖျား တိမ်တိုက်ကြီးတွေ စွဲငင်မှုကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်အတွင်း မိုးနေရာစိပ်စိပ်မှ နေရာကွက် မိုးကြီးနိုင်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်အထိ မိုးပါးသွားမှာဖြစ်ပေမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့အတွင်း အနောက်ဘက်မှ လေပွေလှိုင်း တိုးဝင်မှုကြောင့် မိုးနေရာကွက်ကျားမှ နေရာစိပ်စိပ် မိုးပြန်လည်ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှာ ကပ္ပလီပင်လယ်ပြင်နှင့် အရှေ့ဘက်မှ ရေငွေ့ခိုးတွေ ဆွဲငင်မှုကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့မှ ၃၁ ရက်အထိ နေရာကွက်ကျားမှ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း လေဖိအားနည်းဆဲလ်တွေ ရွေ့လျားလာတာကြောင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်း တို့မှာ မိုးအသင့်အတင့်မှ မိုးပိုမိုရွာသွန်းလာနိုင်တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကချင်ပြည်နယ် တို့မှာ အောက်တိုဘာလ ၂၈ မှ ၂၉ ရက်အတွင်း မိုးတိမ်အကြွင်းအကျန်တွေကြောင့် မိုးနေရာကွက်ကျား ရွာသွန်းနိုင်ပြီး အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ မိုးပါးမှာဖြစ်ကာ နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့တို့မှာ နေရာကွက်ကျား မိုးပြန်လည် ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းအကြွင်းအကျန်ကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်အတွင်း ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းမှ အရှေ့တောင်လေနှင့်အတူ တိုးဝင်လာနိုင်မယ့် ရေခိုးရေငွေ့ကြွယ်ဝတဲ့ မိုးတိမ်တွေကြောင့် မြန်မာနိုင်ငံ တောင်ဘက်ပိုင်း၊ မြစ်ဝကျွန်းပေါ်နှင့် အနောက်ဘက် ဒေသတို့မှာ မိုးအနည်းငယ် ပြန်ပိုလာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (6)

ဆက်စပ် သတင်းများ

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…

ဖတ်ရန်
လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး ပြည်တွင်းသတင်း

လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး နေအိမ်ထဲမှာတင် အသတ်ခံထားရတဲ့ အနေအထားနဲ့…

ဖတ်ရန်
သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး ပြည်တွင်းသတင်း

သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်