အရေးပေါ်
ပြည်တွင်းသတင်း

နိုဝင်ဘာ ၁၆ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး မြန်မာပြည်အထက်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းမှာ မိုးသည်းထန်နိုင်တယ်လို့ဆို

၂၀၂၆ နိုဝင်ဘာ ၁၃ Myo Taw
နိုဝင်ဘာ ၁၆ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး မြန်မာပြည်အထက်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းမှာ မိုးသည်းထန်နိုင်တယ်လို့ဆို

နိုဝင်ဘာ ၁၆ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး မြန်မာပြည်အထက်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းမှာ မိုးသည်းထန်နိုင်တယ်လို့ဆို

နိုဝင်ဘာ ၁၃

ကပ္ပလီပင်လယ်ပြင် အလယ်ပိုင်းမှ ဆိုင်ကလုန်းလေ လည်ပတ်မှုနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း လေဝဲတို့ ပေါင်းဆုံမှုကြောင့် နိုဝင်ဘာလ ၁၃ ရက် ဒီကနေ့မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နေတယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားရင်း နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ပိုမိုအားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ လည်းကောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ကူးပြောင်းရောက်ရှိမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ပိုင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိမယ်လို့ အိန္ဒိယမိုးလေဝသဌာန (IMD) က အတည်ပြုထားတယ်လို့ ဆိုပါတယ်။

မုန်တိုင်းဟာ အစောပိုင်းမှာ အနောက်မြောက်ဘက်၊ နောက်ပိုင်းမှာ မြောက်-အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်တို့မှာ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ် မြောက်ပိုင်းနှင့် ဩရိဿကမ်းရိုးတန်းအနီးသို့ ချဉ်းကပ်မယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တို့အတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရခိုင်ကမ်းရိုးတန်း(မြောက်ပိုင်း)တို့မှာ နေရာကွက်ကျားမှ နေရာစိပ်စိပ် မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ ရှိလာမယ်လို့ ဆိုပါတယ်။

အလယ်ပိုင်းခြောက်သွေ့ဇုန်ဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော် တို့မှာ မိုးရွာသွန်းဖို့ အလားအလာ မရှိသလောက်နည်းပါးပြီး ဆောင်းရာသီအရ သာယာခြောက်သွေ့နေမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (8)

ဆက်စပ် သတင်းများ

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး ရုပ်သံ Afternoon NEWS

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ ပြည်တွင်းသတင်း

ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဓာတ်ဆီတန်းဆီဝယ်နေသူတွေကို ဗီဒီယိုရိုက်ကာ TikTok ပေါ်တင်ခဲ့တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး ပြည်တွင်းသတင်း

ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၊ (၇)လမ်းထိပ်က ထရန်စဖော်မာအနီးမှာ ကျောင်းသားချင်း ရန်ဖြစ်ရာက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်