အရေးပေါ်
ပြည်တွင်းသတင်း

အပတ်စဉ် (၂၈) အတွက် ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတွေထဲ အသက် ၄၀ ဝန်းကျင်တွေနဲ့ LGBT တွေပါ ပါဝင်နေ

၂၀၂၆ စက်တင်ဘာ ၄ Myo Taw
အပတ်စဉ် (၂၈) အတွက် ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတွေထဲ အသက် ၄၀ ဝန်းကျင်တွေနဲ့ LGBT တွေပါ ပါဝင်နေ

အပတ်စဉ် (၂၈) အတွက် ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတွေထဲ အသက် ၄၀ ဝန်းကျင်တွေနဲ့ LGBT တွေပါ ပါဝင်နေ

စက်တင်ဘာ ၄

မကွေးတိုင်းအတွင်းရှိ မြို့နယ်တွေကနေ စစ်မှုထမ်းအပတ်စဉ် (၂၈) အတွက် မတရားပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ဆေးစစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်ကတ်မြို့ရှိ စစ်သင်တန်းကျောင်းကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

စက်တင်ဘာ ၁ ရက်နေ့က မကွေးတိုင်းအောက်ပိုင်းရှိ မြို့နယ်တွေကနေ စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို အထက်မင်းလှမြို့ရှိ ရှမ်းတပ်ကြီးစခန်းမှာ ယာယီစုဝေးကာ မကွေးမြို့ စစ်ဆေးရုံမှာ ဆေးစစ်ပြီးနောက် စက်တင်ဘာ ၂ ရက်နေ့မှာပဲ မန်ကတ်မြို့ရှိ စစ်သင်တန်းကျောင်းကို စစ်တပ်သုံး FAW ကားတွေနဲ့ ပို့ခဲ့တယ်လို့ သိရပါတယ်။

“ခရီးသည်တင်တဲ့ လိုင်းကားတွေနဲ့ အထက်မင်းလှက အမတ အမြှောက်တပ်ထဲကို အရင်ပို့တာ။ အဲ့ကနေ ထမင်းကျွေးပြီး မကွေးကို ပို့တယ်။ မကွေးမှာ ဆေးစစ်ပြီး မင်းလှကို ပြန်လာရတယ်။ အဲ့ကနေ မိုင်းကတ်ကို တန်းပို့တာ” လို့ စစ်မှုထမ်းနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အပတ်စဉ် (၂၇) နဲ့ (၂၈) မှာ ဖမ်းဆီးခံရသူတွေထဲ မိန်းမပုံစံဖြစ်အောင် ရင်သားတွေကိုပါ ပြုပြင်ထားတဲ့ LGBT တချို့ နဲ့ အသက် ၃၅ နှစ်ကျော်၊ အသက် ၄၀ ဝန်းကျင်ရှိသူတွေပါ ပါဝင်တယ်လို့ သိရပါတယ်။

“သရက်ဘက်က ပြီးခဲ့တဲ့ အပတ်စဉ် (၂၇) တုန်းကလည်း အသက် ၄၀ ဝန်းကျင်တွေ ပါလာတယ်။ မင်းတုန်းဘက်ကနေ သရက်ကို ဈေးလာဝယ်ရင်း အဆွဲခံရတာ။ မင်းတုန်းဘက်က စစ်မှုထမ်း မရတော့ အသက်ကြီးလည်း ဆွဲလာတာ။ စစ်မှုထမ်း မရတဲ့မြို့တွေကဆို အသက် ၄၀ ထိ အဓိကထား ဆွဲနေတာ။ အခုအပတ်စဉ်လည်း ၄၀ ဝန်းကျင်တွေ ပါလာတယ်။ LGBT လင်မယားစုံတွဲ သရက်မှာ အဆွဲခံရတယ်။ ကောင်လေးက အသက်မပြည့်တော့ မပါသွားဘူး။ LGBT လေးကတော့ စစ်မှုထမ်းထဲ ပါသွားတယ်” လို့ မကွေး စစ်မှုထမ်းအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်မှုထမ်းနဲ့ ပတ်သက်ပြီး အာဏာသိမ်းအစိုးရ လက်အောက်ခံတွေက ၎င်းတို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုပင် ချိုးဖောက်ကာ စစ်မှုထမ်းတပ်သား ရရှိဖို့အတွက် ဖမ်းချင်တိုင်း ဖမ်းဆီးနေကြပြီး ဝေဖန်အကြံပြုသူတွေကိုလည်း ၅၀၅ နဲ့ ဖမ်းဆီးနေတာကြောင့် မကွေးတိုင်းအတွင်းက ပြည်သူတွေဟာ ကြောက်လန့်ကာ ငြိမ်ခံနေကြရတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်