အရေးပေါ်
ပြည်တွင်းသတင်း

မဲဆောက်အတွင်း ထောက်လှမ်းရေးအဖွဲ့တွေ စေလွှတ်ထားတယ်ဆိုတဲ့ သတင်းဟာ မဖြစ်နိုင်ဘူးလို့ CDM ဗိုလ်မှူးတွေ သုံးသပ်ပြောဆို

၂၀၂၆ စက်တင်ဘာ ၁၃ Myo Taw
မဲဆောက်အတွင်း ထောက်လှမ်းရေးအဖွဲ့တွေ စေလွှတ်ထားတယ်ဆိုတဲ့ သတင်းဟာ မဖြစ်နိုင်ဘူးလို့ CDM ဗိုလ်မှူးတွေ သုံးသပ်ပြောဆို

မဲဆောက်အတွင်း ထောက်လှမ်းရေးအဖွဲ့တွေ စေလွှတ်ထားတယ်ဆိုတဲ့ သတင်းဟာ မဖြစ်နိုင်ဘူးလို့ CDM ဗိုလ်မှူးတွေ သုံးသပ်ပြောဆို

စက်တင်ဘာ ၁၃

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ နေထိုင်ကြတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ၊ CRPH, NUG ရဲ့ လက်ဝေခံတွေ၊ CDM အရာရှိ ဝန်ထမ်းတွေနှင့် လက်နက်ကိုင် အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့် သတင်းရယူနိုင်ဖို့အတွက် အထူးလျှို့ဝှက် သတင်းတပ်ဖွဲ့ (၁၅) ဖွဲ့ကို စေလွှတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဆိုပါ အထူးလျှို့ဝှက် သတင်းတပ်ဖွဲ့ဝင်တွေဟာ မူလအထောက်အထားတွေကို လုံးဝဖုံးကွယ်ပြီး အရုပ်ဝတ်ပုံစံနဲ့ မဲဆောက်မြို့အတွင်းသို့ နည်းလမ်းမျိုးစုံနဲ့ စိမ့်ဝင်ကာ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းကို ထောက်လှမ်းရမယ်ဖြစ်တယ်လို့ ဆိုပါတယ်။

"ထွက်လာတဲ့ စာတွေကိုကြည့်ရင် မဖြစ်နိုင်ဖို့ များပါတယ်။ တော်လှန်ရေး အင်အားစုတွေကြား သံသယ ကြီးထွားစေဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ မြင်တယ်။ သူတို့လုပ်လို့ရတယ် ဆိုတာမျိုးကတော့ ဖြစ်နိုင်ပါတယ်။ ခုဖြစ်စဉ်က မဲဆောက်မှာ နေထိုင်တဲ့ တော်လှန်ရေး အင်အားစုတွေကို အထိတ်တလန့် ဖြစ်အောင် လုပ်တဲ့သဘောမျိုးပါ။ သတိထား သွားလာတာကတော့ အကောင်းဆုံးပါပဲ" လို့ CDM ဗိုလ်မှူး တဦးက မြို့တော်ကို ပြောပါတယ်။

"ရုံးစာအရ လွဲနေတာတွေ အများကြီးရှိသလို စစ်တပ်အသုံးနှုန်းတွေ အရလည်း လွဲနေတာတွေ အများကြီး တွေ့ရတယ်။ ရာထူး အခေါ်အဝေါ်တွေကော ရုံးနာမည် အသုံးနှုန်းတွေအရကော လွဲနေတယ်။ ရုံးစာအဆင့်အတန်း ဖော်ပြထားတာလည်း လွဲနေတယ်။ ထွက်လာတဲ့ ဇယားကလည်း စစ်တပ်မှာ အဲ့လို ဇယားနဲ့ လုံးဝ စာထုတ်တာမျိုး မရှိဘူး။ စစ်တပ်အကြောင်း အနည်းငယ်သိတဲ့ လူတစ်ယောက်က ရေးထားတဲ့ ပုံစံမျိုးဖြစ်နေတယ်" လို့ CDM ဗိုလ်မှူး နောင်ရိုးက မြို့တော်ကို ပြောပါတယ်။

"ထိုင်း-တရုတ် မဟာဗျူဟာမြောက် သုတေသနစင်တာကို မဲဆောက်မှာ ဇွန်လ ၁၈ ရက်နေ့က ဖွင့်ထားတယ်။ အဲ့ဒီရုံးမှာ အကြံပေးနှင့် ဦးဆောင်ကော်မတီဝင်အဖြစ် မြန်မာလူမျိုးတချို့လည်း ဝန်ထမ်းတွေအဖြစ် ပါဝင်တယ်ဆိုတာတော့ ဟုတ်တယ်။ အဲ့ဒီစင်တာက လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် နယ်စပ်ဖြတ်ကျော် စနစ်တကျ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့ဖြစ်တယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ တော်လှန်ရေး အင်အားစုတွေ ကိစ္စနဲ့တော့ အဲ့ရုံးက မသက်ဆိုင်ဘူး" လို့ နောက်ထက် CDM ဗိုလ်မှူး တစ်ဦးက မြို့တော်ကို ပြောပါတယ်။

ပြန့်နှံ့လာတဲ့ သတင်းအရ အာဏာသိမ်းစစ်တပ်က စေလွှတ်ထားတယ်ဆိုတဲ့ အထူးလျှို့ဝှက် သတင်းတပ်ဖွဲ့ဟာ မဲဆောက်မြို့အတွင်းသို့ စိမ့်ဝင်ကာ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းအချက်အလက်တွေကို အချိန်နှင့်တပြေးညီ တိုက်ရိုက် လျှို့ဝှက်ဆက်သွယ်ရေးလိုင်းမှ တဆင့် စရဖ အရာရှိရုံးကို ပေးပို့ရမယ်လို့ ဆိုထားပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းဘက်ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ရှေ့နေတွေကလည်း မဖြစ်နိုင်ဘူးလို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်