အရေးပေါ်
ပြည်တွင်းသတင်း

ရေဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် အရပ်သားပြည်သူ ၈ ဦးသေဆုံး

၂၀၂၆ စက်တင်ဘာ ၈ Myo Taw
ရေဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် အရပ်သားပြည်သူ ၈ ဦးသေဆုံး

ရေဦးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် အရပ်သားပြည်သူ ၈ ဦးသေဆုံး

စက်တင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာကို အာဏာသိမ်း စစ်တပ်က စက်တင်ဘာလ ၇ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီခန့်မှာ အာဏာသိမ်း စစ်တပ်က ဂျိုင်ရိုကော်ပတာ ၃ စီး အပါအဝင် MI – 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးနဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

"ကား ဝပ်ရှော့ ပစ်ခံရတာ။ ကားလာ ပြင်တဲ့သူတွေလည်း နေတယ်။ ဝပ်ရှော့ဆိုင်ပိုင်ရှင် သမီးလည်း ပါတယ်ပြောတယ်။ ၈ ယောက် သေဆုံးသွားတယ် ပြောတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၈ ဦးအထိ ရှိခဲ့ပေမဲ့ ရုပ်အလောင်းက ၇ လောင်းသာ တွေ့ရှိထားတယ်လို့ သတင်းရင်းမြစ်ထံက သိရပါတယ်။

"ခန္ဓာကိုယ် တစ်ပိုင်းပဲ တွေ့လို့ ကျန်တစ်ပိုင်းကို လိုက်ရှာနေတာ မတွေ့ဘူး။ တစ်ယောက်က ခေါင်း တစစီ ကြေသွားတယ်" သူက ထပ်မံပြောဆိုထားပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ မြန်မာနိုင်ငံရှိ ဒေသ ၁၃ ခုကို ပြီးခဲ့တဲ့ သြဂုတ်လမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၅၃၀ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က စက်တင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၈ ဦး အပါအဝင် ပြည်သူစုစုပေါင်း ၁၃၉ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (11)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်