အရေးပေါ်
နိုင်ငံတကာသတင်း

ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် အနိုင်ရရင် အရွယ်ရောက်ပြီးသူ အမေရိကန်တိုင်းကို ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့ ထရမ့်ပြော

၂၀၂၆ စက်တင်ဘာ ၁၀ Myo Taw
ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် အနိုင်ရရင် အရွယ်ရောက်ပြီးသူ အမေရိကန်တိုင်းကို ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့ ထရမ့်ပြော

ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် အနိုင်ရရင် အရွယ်ရောက်ပြီးသူ အမေရိကန်တိုင်းကို ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့ ထရမ့်ပြော

စက်တင်ဘာ ၁၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမယ့်နိုဝင်ဘာ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက အနိုင်ရပြီး လွှတ်တော်ကို ဆက်လက်ထိန်းထားချုပ်နိုင်ရင် အရွယ်ရောက်ပြီးတဲ့ အမေရိကန်တိုင်းကို ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါလက်စ်မြို့မှာ စက်တင်ဘာ ၉ ရက်နေ့ကစတင် ကျင်းပနေတဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ညီလာခံမှာ ထရမ့်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်မှာ အရွယ်ရောက်ပြီးသူ သန်း ၂၇၀ ခန့်ရှိတာကြောင့် အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်မယ်ဆိုရင် ကုန်ကျစရိတ် ဒေါ်လာ ၁ ဒသမ ၃၅ ထရီလီယံခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ငွေကြေးကို ဘယ်လိုပေးမလဲဆိုတာနဲ့ ဥပဒေအရ ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိဆိုတာကိုတော့ ထရမ့်က အသေးစိတ်ပြောဆိုခြင်း မရှိသေးပါဘူး။

ထရမ့်က ရွေးကောက်ပွဲမတိုင်မီ ၈ ပတ်အတွင်း အရေးကြီးတဲ့ ပြည်နယ်နဲ့ မဲဆန္ဒနယ်တွေကို သွားရောက်မဲဆွယ်မယ်လို့ ပြောဆိုထားပြီး သူ့ကို မဲစာရင်းထဲမှာ ပါဝင်တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးလို သဘောထားပြီး မဲပေးကြဖို့လည်း ထောက်ခံသူတွေကို တိုက်တွန်းထားပါတယ်။

ရီပတ်ဘလစ်ကန်ပါတီရဲ့ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ညီလာခံကို ဒါလတ်စ်မြို့မှာ ၂ ရက်ကြာ ကျင်းပတဲ့ နေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) ရဲ့ အဓိကမိန့်ခွန်းအပြီးမှာ ထရမ့်က နိဂုံးချုပ်အမှာစကား ပြောကြားဖို့ ရှိနေပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ဒုတိယကမ္ဘာစစ်တုန်းက နှစ်နိုင်ငံ မဟာမိတ်ဖြစ်ခဲ့တဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ဒါဟာ စစ်သမိုင်းကို ပုံဖျက်ဖို့ ဘေဂျင်းဘက်က…

ဖတ်ရန်
အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ; နိုင်ငံတကာသတင်း

အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ;

မိုးသည်းထန်စွာ ရွာသွန်းပြီး မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်း နီပေါနိုင်ငံတို့မှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း နိုင်ငံတကာသတင်း

ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း

လေးနှစ်ခွဲကျော်ကြာလာတဲ့ ရုရှားကျူးကျော်စစ်ကို သံတမန်နည်းနဲ့ အဆုံးသတ်နိုင်ရေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိအားပေးပြီး ရုရှားအပေါ် တရုတ်ရဲ့ သြဇာကို အသုံးချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ယူကရိန်းသမ္မတ…

ဖတ်ရန်
ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဝါရှင်တန်မှာ တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်အနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ကို လိုက်နာဖို့ တိုက်တွန်းခဲ့တဲ့အပေါ် ထိုင်ဝမ်အစိုးရက…

ဖတ်ရန်