အရေးပေါ်
နိုင်ငံတကာသတင်း

‘Spider-Man: Brand New Day’ ရုပ်ရှင်ရုံဝင်ငွေ ထိပ်ဆုံးမှာ ၆ ပတ်ဆက်တိုက် ရပ်တည်

၂၀၂၆ စက်တင်ဘာ ၇ Myo Taw
‘Spider-Man: Brand New Day’ ရုပ်ရှင်ရုံဝင်ငွေ ထိပ်ဆုံးမှာ ၆ ပတ်ဆက်တိုက် ရပ်တည်

‘Spider-Man: Brand New Day’ ရုပ်ရှင်ရုံဝင်ငွေ ထိပ်ဆုံးမှာ ၆ ပတ်ဆက်တိုက် ရပ်တည်

စက်တင်ဘာ ၇

“Spider-Man: Brand New Day” ဇာတ်ကားဟာ အမေရိကန်နဲ့ ကနေဒါ ရုပ်ရှင်ရုံဈေးကွက်မှာ ဝင်ငွေအမြင့်ဆုံးနေရာကို ၆ ပတ်ဆက်တိုက် ရယူနိုင်ခဲ့ပြီး ဒီဆယ်စုနှစ်အတွင်း အခုလို အောင်မြင်မှုရတဲ့ ဒုတိယမြောက်ဇာတ်ကား ဖြစ်လာပါတယ်။

ဆိုနီ (Sony) ထုတ်လုပ်တဲ့ ဒီဇာတ်ကားဟာ အခုသီတင်းပတ်ကုန်မှာ အမေရိကန်ပြည်တွင်း ဝင်ငွေ ဒေါ်လာ ၁၈ သန်း ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း စုစုပေါင်းဝင်ငွေကတော့ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ရှိလာပါတယ်။

ဒုတိယနေရာမှာတော့ ခရစ္စတိုဖာ နိုလန် (Christopher Nolan) ရိုက်ကူးတဲ့ “The Odyssey” က ရပ်တည်နေပြီး အမေရိကန်ပြည်တွင်း ဝင်ငွေ ဒေါ်လာ ၁၃ သန်း၊ ကမ္ဘာတစ်ဝန်း စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၆၃ ဘီလီယံ ရရှိထားပါတယ်။

ဒီဇာတ်ကားနှစ်ကားရဲ့ အောင်မြင်မှုအပါအဝင် ဒီနှစ်နွေရာသီ ဟောလိဝုဒ်ရုပ်ရှင်ဈေးကွက်ဟာ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း အကောင်းဆုံးအခြေအနေကို ရောက်ရှိလာပါတယ်။

ဩဂုတ် ၃၁ ရက်နေ့အထိ အမေရိကန်ပြည်တွင်း နွေရာသီကာလ ရုပ်ရှင်ရုံဝင်ငွေဟာ ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ရှိပြီး ၂၀၂၅ ခုနှစ်ထက် ၂၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ Labor Day အားလပ်ရက်ကာလအထိဆိုရင် ဒေါ်လာ ၄ ဒသမ ၇၅၉ ဘီလီယံအထိ ရောက်နိုင်တယ်လို့ Rentrak က ခန့်မှန်းထားပါတယ်။

Ref & Photo; AP

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ဒုတိယကမ္ဘာစစ်တုန်းက နှစ်နိုင်ငံ မဟာမိတ်ဖြစ်ခဲ့တဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ဒါဟာ စစ်သမိုင်းကို ပုံဖျက်ဖို့ ဘေဂျင်းဘက်က…

ဖတ်ရန်
အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ; နိုင်ငံတကာသတင်း

အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ;

မိုးသည်းထန်စွာ ရွာသွန်းပြီး မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်း နီပေါနိုင်ငံတို့မှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း နိုင်ငံတကာသတင်း

ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်ကို ဖိအားပေးဖို့ ထရမ့်ကို ဇီလန်စကီး တိုက်တွန်း

လေးနှစ်ခွဲကျော်ကြာလာတဲ့ ရုရှားကျူးကျော်စစ်ကို သံတမန်နည်းနဲ့ အဆုံးသတ်နိုင်ရေးအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိအားပေးပြီး ရုရှားအပေါ် တရုတ်ရဲ့ သြဇာကို အသုံးချဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ယူကရိန်းသမ္မတ…

ဖတ်ရန်
ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ထိုင်ဝမ်အရေး ရပ်တည်ချက်ပြောင်းဖို့ ရှီကျင့်ဖျင်က ထရမ့်ကို တိုက်တွန်းမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဝါရှင်တန်မှာ တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်အနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ကို လိုက်နာဖို့ တိုက်တွန်းခဲ့တဲ့အပေါ် ထိုင်ဝမ်အစိုးရက…

ဖတ်ရန်