အရေးပေါ်
နိုင်ငံတကာသတင်း

ရုရှားရဲ့ ခြိမ်းခြောက်မှုကြားက နျူကလီးယားစစ်ရေးလေ့ကျင့်မှု ဆက်လုပ်သွားမယ်လို့ NATO ပြော

၂၀၂၆ အောက်တိုဘာ ၉ Myo Taw
ရုရှားရဲ့ ခြိမ်းခြောက်မှုကြားက နျူကလီးယားစစ်ရေးလေ့ကျင့်မှု ဆက်လုပ်သွားမယ်လို့ NATO ပြော

ရုရှားရဲ့ ခြိမ်းခြောက်မှုကြားက နျူကလီးယားစစ်ရေးလေ့ကျင့်မှု ဆက်လုပ်သွားမယ်လို့ NATO ပြော

အောက်တိုဘာ ၉

ရုရှားဘက်က ပိုင်နက်နယ်မြေ ခြိမ်းခြောက်ခံရရင် နျူကလီးယားလက်နက် သုံးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ သတိပေးထားပေမယ့် နေတိုး (NATO) အဖွဲ့ကတော့ နှစ်စဉ်ပြုလုပ်နေကျ နျူကလီးယား စစ်ရေးလေ့ကျင့်မှုကို လာမယ့် သီတင်းပတ်ထဲမှာပဲ ဆက်လက် ကျင်းပသွားမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Steadfast Noon လို့ အမည်ပေးထားတဲ့ အဆိုပါစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ၁၀ ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါစစ်ရေးလေ့ကျင့်မှုကို အီတလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး မဟာမိတ် ၁၇ နိုင်ငံက လေယာဉ် ဒါဇင်နဲ့ချီ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

နေတိုးရဲ့ နျူကလီးယား မူဝါဒရေးရာ အကြီးအကဲ နာစီမာ ဘားရိုးစ် ကတော့ ဒါဟာ ဆယ်စုနှစ်တခုကျော်ကြာ ပြုလုပ်လာတဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ်တခုသာဖြစ်ပြီး ရုရှား အပါအဝင် ဘယ်နိုင်ငံအတွက်မှ ခြိမ်းခြောက်မှု ဖြစ်စေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ရေးလေ့ကျင့်မှုအတွင်း ကျည်အစစ် ဒါမှမဟုတ် နျူကလီးယား ထိပ်ဖူးတွေကိုလည်း အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ရုရှားက သူ့ရဲ့ အဓိက ဘောလ်တစ်ရေတပ်စခန်း အခြေစိုက်ရာ ကာလင်နင်ဂရက်ဒေသကို ပိတ်ဆို့ဖို့ ကြိုးစားလာပါက နျူကလီးယားလက်နက် အပါအဝင် လက်နက်အားလုံးကို အသုံးပြုပြီး ပြန်လည်ခုခံသွားမယ်လို့ NATO အဖွဲ့ဝင်နိုင်ငံတွေကို ပြင်းပြင်းထန်ထန် သတိပေးထားခဲ့တာလည်း ဖြစ်ပါတယ်။

NATO ဘက်ကတော့ ရုရှားရဲ့ နျူကလီးယားခြိမ်းခြောက်ပြောဆိုမှုတွေ ပိုများလာတာကို သတိပြုမိပေမဲ့ ရုရှားဘက်က မြေပြင်မှာ စိုးရိမ်ဖွယ်ရာ စစ်ရေးပြောင်းလဲမှုမျိုး ပြုလုပ်လာတာ မတွေ့ရသေးတဲ့အတွက် အနီးကပ် စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Ref & Photo: AP

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဥရောပတဝှမ်း စစ်ရေးကျူးကျော်မှုတွေ ရပ်တန့်ဖို့ ပူတင်ကို ပြောခဲ့တယ်လို့ ထရမ့် ဆို နိုင်ငံတကာသတင်း

ဥရောပတဝှမ်း စစ်ရေးကျူးကျော်မှုတွေ ရပ်တန့်ဖို့ ပူတင်ကို ပြောခဲ့တယ်လို့ ထရမ့် ဆို

ယူကရိန်းစစ်ပွဲ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့အတွက် ဥရောပတဝှမ်းက နယ်မြေတွေအပေါ် စစ်ရေးအရ ကျူးကျော်ရန်စမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်တွန်းပြောဆိုခဲ့တယ်လို့…

ဖတ်ရန်
တရုတ်နဲ့ EU အပါအဝင် နိုင်ငံ ၁၆ နိုင်ငံကို အခွန်ထပ်တိုးကောက်ဖို့ ထရမ့်အစိုးရ ပြင်ဆင်နေ နိုင်ငံတကာသတင်း

တရုတ်နဲ့ EU အပါအဝင် နိုင်ငံ ၁၆ နိုင်ငံကို အခွန်ထပ်တိုးကောက်ဖို့ ထရမ့်အစိုးရ ပြင်ဆင်နေ

တရုတ်နဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံ ၁၆ နိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်ထပ်တိုးကောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက မကြာခင် ကြေညာဖို့ရှိနေတယ်လို့…

ဖတ်ရန်
ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ဟော့ပေါ့ဆိုင် ပေါက်ကွဲမှုကြောင့် ၆ ဦး သေဆုံးပြီး ၁၄ ဦးကျော် ဒဏ်ရာရ နိုင်ငံတကာသတင်း

ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ဟော့ပေါ့ဆိုင် ပေါက်ကွဲမှုကြောင့် ၆ ဦး သေဆုံးပြီး ၁၄ ဦးကျော် ဒဏ်ရာရ

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ ဟော့ပေါ့ဆိုင်တဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးပြီး ၁၄ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ လို့သိရပါတယ်။

ဖတ်ရန်
ကျောက်မြောင်းမှာ နေ့ခင်းဘက်ကြီး ရွေဆိုင်တဆိုင်ကို လူငယ်တခု ဓားကိုင်ကာ ဝင်ရောက်လုယက် နိုင်ငံတကာသတင်း

ကျောက်မြောင်းမှာ နေ့ခင်းဘက်ကြီး ရွေဆိုင်တဆိုင်ကို လူငယ်တခု ဓားကိုင်ကာ ဝင်ရောက်လုယက်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်အတွင်းက စိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင်တဆိုင်ကို လူငယ်တစုက ဓားကိုင်ကာ ဝင်ရောက်တိုက်ခိုက် လုယက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်