အရေးပေါ်
နိုင်ငံတကာသတင်း

အင်ဒိုနီးရှားက စက်ရုံမီးလောင်မှု သေဆုံးသူ ၂၄ ဦး ရှိလာပြီး ပျောက်ဆုံးနေသူ ၃၀ ခန့်ကို ဆက်လက်ရှာဖွေနေ

၂၀၂၆ နိုဝင်ဘာ ၂၃ Myo Taw
အင်ဒိုနီးရှားက စက်ရုံမီးလောင်မှု သေဆုံးသူ ၂၄ ဦး ရှိလာပြီး ပျောက်ဆုံးနေသူ ၃၀ ခန့်ကို ဆက်လက်ရှာဖွေနေ

အင်ဒိုနီးရှားက စက်ရုံမီးလောင်မှု သေဆုံးသူ ၂၄ ဦး ရှိလာပြီး ပျောက်ဆုံးနေသူ ၃၀ ခန့်ကို ဆက်လက်ရှာဖွေနေ

နိုဝင်ဘာ ၂၃

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့တဲ့ စက်ရုံမီးလောင်မှုအတွင်း လူ ၂၄ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုလိုက်ပြီး ပျောက်ဆုံးနေဆဲဖြစ်တဲ့ လူ ၃၀ ခန့်ကိုတော့ ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် ဂျကာတာ ကနေ ကားနဲ့ ၁ နာရီခန့် မောင်းရတဲ့ စီကန်ဒေးဒေသက PT Fonusa Agung Mulia မုန့်မျိုးစုံစက်ရုံမှာ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှု ဖြစ်ပွားချိန်မှာ စက်ရုံဝင်းအတွင်း လူပေါင်း ၃၀၀ ခန့် အလုပ်ဆင်းနေကြပြီး မီးလောင်ရတဲ့ အကြောင်းရင်းကတော့ လေအေးပေးစက် ဝါယာရှော့ခ် ဖြစ်ရာကနေ စတင်ခဲ့တာ ဖြစ်နိုင်ကြောင်း သမ္မတရဲ့ အလုပ်သမားရေးရာ အကြံပေး ဆာအစ် အစ်ဘဲလ်က ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ စက်ရုံရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းလိုက်နာမှုတွေကို စစ်ဆေးနေပြီး နာမည်ကြီး Milkita သကြားလုံးနဲ့ Lemonilo ခေါက်ဆွဲခြောက်တွေ ထုတ်လုပ်တဲ့ United Family Food ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် စတီဗင် အာဝင် ဝီဂျာယာကိုလည်း ခေါ်ယူမေးမြန်းသွားမယ်လို့ သိရပါတယ်။

မီးလောင်ပြင်အတွင်း အဆောက်အအုံ ပြိုကျနိုင်ခြေ ရှိနေတဲ့ အန္တရာယ်ကြားကပဲ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆောင်ပြီး လက်ရှိအရ လူ ၂၉ ဦးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး ၅ ဦးကိုတော့ ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှု ပြင်းထန်လွန်းတာကြောင့် သေဆုံးသူတွေကို သာမန်မျက်စိနဲ့ ခွဲခြားလို့ မရတော့ဘဲ ဆွေမျိုးတွေဆီကနေ DNA နမူနာတွေ ရယူပြီး အတည်ပြုဖို့ လုပ်ဆောင်နေကာ အဆိုပါလုပ်ငန်းစဉ်ဟာ သီတင်းပတ်ပေါင်းများစွာ အချိန်ယူရနိုင်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref & Photo: The Reuters


မြို့တော် News Channel

ဓာတ်ပုံများ (6)

ဆက်စပ် သတင်းများ

ဥရောပတဝှမ်း စစ်ရေးကျူးကျော်မှုတွေ ရပ်တန့်ဖို့ ပူတင်ကို ပြောခဲ့တယ်လို့ ထရမ့် ဆို နိုင်ငံတကာသတင်း

ဥရောပတဝှမ်း စစ်ရေးကျူးကျော်မှုတွေ ရပ်တန့်ဖို့ ပူတင်ကို ပြောခဲ့တယ်လို့ ထရမ့် ဆို

ယူကရိန်းစစ်ပွဲ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့အတွက် ဥရောပတဝှမ်းက နယ်မြေတွေအပေါ် စစ်ရေးအရ ကျူးကျော်ရန်စမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်တွန်းပြောဆိုခဲ့တယ်လို့…

ဖတ်ရန်
တရုတ်နဲ့ EU အပါအဝင် နိုင်ငံ ၁၆ နိုင်ငံကို အခွန်ထပ်တိုးကောက်ဖို့ ထရမ့်အစိုးရ ပြင်ဆင်နေ နိုင်ငံတကာသတင်း

တရုတ်နဲ့ EU အပါအဝင် နိုင်ငံ ၁၆ နိုင်ငံကို အခွန်ထပ်တိုးကောက်ဖို့ ထရမ့်အစိုးရ ပြင်ဆင်နေ

တရုတ်နဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံ ၁၆ နိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်ထပ်တိုးကောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက မကြာခင် ကြေညာဖို့ရှိနေတယ်လို့…

ဖတ်ရန်
ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ဟော့ပေါ့ဆိုင် ပေါက်ကွဲမှုကြောင့် ၆ ဦး သေဆုံးပြီး ၁၄ ဦးကျော် ဒဏ်ရာရ နိုင်ငံတကာသတင်း

ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ဟော့ပေါ့ဆိုင် ပေါက်ကွဲမှုကြောင့် ၆ ဦး သေဆုံးပြီး ၁၄ ဦးကျော် ဒဏ်ရာရ

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ ဟော့ပေါ့ဆိုင်တဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးပြီး ၁၄ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ လို့သိရပါတယ်။

ဖတ်ရန်
ကျောက်မြောင်းမှာ နေ့ခင်းဘက်ကြီး ရွေဆိုင်တဆိုင်ကို လူငယ်တခု ဓားကိုင်ကာ ဝင်ရောက်လုယက် နိုင်ငံတကာသတင်း

ကျောက်မြောင်းမှာ နေ့ခင်းဘက်ကြီး ရွေဆိုင်တဆိုင်ကို လူငယ်တခု ဓားကိုင်ကာ ဝင်ရောက်လုယက်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်အတွင်းက စိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင်တဆိုင်ကို လူငယ်တစုက ဓားကိုင်ကာ ဝင်ရောက်တိုက်ခိုက် လုယက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်