အရေးပေါ်
မှုခင်းသတင်း

အချိုရည်မရောင်းပေးရာက စကားများခဲ့တဲ့ ရွာသားတဦးကို အုပ်ချုပ်ရေးမှူးနဲ့ ဆိုင်ရှင်တို့က ပြည်သူ့စစ်ခေါ်ပြီး ပစ်သတ်ခိုင်းခဲ့

၂၀၂၆ နိုဝင်ဘာ ၂၄ Myo Taw
အချိုရည်မရောင်းပေးရာက စကားများခဲ့တဲ့ ရွာသားတဦးကို အုပ်ချုပ်ရေးမှူးနဲ့ ဆိုင်ရှင်တို့က ပြည်သူ့စစ်ခေါ်ပြီး ပစ်သတ်ခိုင်းခဲ့

အချိုရည်မရောင်းပေးရာက စကားများခဲ့တဲ့ ရွာသားတဦးကို အုပ်ချုပ်ရေးမှူးနဲ့ ဆိုင်ရှင်တို့က ပြည်သူ့စစ်ခေါ်ပြီး ပစ်သတ်ခိုင်းခဲ့

နိုဝင်ဘာ ၂၄

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ တောနောက်လယ်ရွာမှာ အချိုရည်မရောင်းပေးရာက စကားများခဲ့တဲ့ ရွာသားတစ်ဦးကို ကုန်စုံဆိုင်ပိုင်ရှင်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖိနပ်နဲ့ရိုက်နှက် အရှက်ခွဲခဲ့ပြီးနောက် ပြန်လည်ရန်ရှာဖို့ ကြိုးစားတဲ့အတွက် ပြည်သူ့စစ်အဖွဲ့ကို ဖုန်းဆက်ခေါ်ကာ ပစ်သတ်ခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က တောနောက်လယ်ရွာနေ ကိုနောင်ပိန်ဟာ အရက်မူးနေချိန် ကုန်စုံဆိုင်ပိုင်ရှင် ဖားငယ်(ခေါ်)ဇော်မျိုးသစ်ရဲ့ ဆိုင်မှာ Non Stop အချိုရည်တစ်ဘူး သွားဝယ်ရာ ဆိုင်ရှင်က မရောင်းပေးတဲ့အတွက် စကားအချေအတင် ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် ဆိုင်ပိုင်ရှင် ဖားငယ်က ကျေးရွာအုပ်ချုပ်ရေးမှူးဆီ တိုင်ကြားပြီး ကိုနောင်ပိန်ကို ဖမ်းဆီးခိုင်းခဲ့သလို ရွာလယ်လမ်းမပေါ် လူအများရှေ့မှာတင် ဖားငယ်နဲ့ အုပ်ချုပ်ရေးမှူးတို့ နှစ်ဦးပေါင်းပြီး ကိုနောင်ပိန်ရဲ့ မျက်နှာကို ဖိနပ်နဲ့ ဘယ်ပြန်ညာပြန် ရိုက်နှက်အရှက်ခွဲခဲ့ကြတဲ့အပြင် ငွေကျပ် ၃ သိန်းပေးမှ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လူပုံအလယ် အရှက်ခွဲခံရတာကို မကျေမနပ်ဖြစ်တဲ့ ကိုနောင်ပိန်က ဆိုင်ပိုင်ရှင် ဖားငယ်ကို ဓားနဲ့ခုတ်ဖို့ သွားရောက်ကြံစည်ခဲ့ပေမယ့် မအောင်မြင်ဘဲ ရွာပြင်လယ်ကွင်းထဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ချိန်မှာ ဆိုင်ရှင်ဖြစ်သူ ဖားငယ်က သစ်တောစောင့် ပြည်သူ့စစ်အဖွဲ့ကို ဖုန်းဆက်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

"သူ့ကို ဓားနဲ့ ခုတ်ပါတယ်ဆိုပြီး ရွာသစ်တောထဲမှာ စောင့်နေတဲ့ ပြည်သူ့စစ်အဖွဲ့ကို ဖုန်းဆက်ခေါ်လိုက်တာပါ၊ ပြည်သူ့စစ်တွေက ဆိုင်ကယ် ၄ စီး၊ သေနတ်တွေနဲ့ လယ်တောထဲ လိုက်လာပြီး မိုးပေါ် ၁ ချက် ထောင်ဖောက်ပြီးတော့ ကိုနောင်ပိန်ရဲ့ ခြေထောက်ကို ၁ ချက်၊ ခန္ဓာကိုယ်ကို ၂ ချက် ပစ်သတ်သွားကြတာပါ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ပစ်သတ်ပြီးနောက်မှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသူရွာသားတွေကို လယ်တောဘက် မထွက်ကြဖို့နဲ့ ဓာတ်ပုံမရိုက်ကြဖို့ ခြိမ်းခြောက်တားမြစ်ကာ သတင်းအမှောင်ချထားခဲ့တယ်လို့ သိရပါတယ်။

ကုန်စုံဆိုင်ပိုင်ရှင် ဖားငယ်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူး မရှိရင် ရွာရဲ့ကိစ္စအရပ်ရပ်ကို သူပြီးမှပြီးရမယ်ဆိုပြီး အာဏာပြလေ့ရှိသလို လက်ရှိမှာလည်း ကျေးရွာနေပြည်သူတွေဟာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့နဲ့ ဖားငယ်တို့ရဲ့ အသိုင်းအဝိုင်းကို ကြောက်ရွံ့ထိတ်လန့်နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ် ပြည်တွင်းသတင်း

အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ်

နိုဝင်ဘာလ ၂၅ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်ခန့်က အသက် ၁၁ နှစ်အရွယ် ကျောင်းသားဖြစ်သူက အသက် ၆၁ နှစ်အရွယ် အဖွားဖြစ်သူကို…

ဖတ်ရန်
သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ ပြည်တွင်းသတင်း

သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးခဲ့တဲ့ ဖခင်အရင်းဖြစ်သူ လိုက်လံဖမ်းဆီးစဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး ပြည်တွင်းသတင်း

ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ရပ်ကွက်တချို့မှာ တရက်တည်း ပြန်ပေးဆွဲမှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေ ဖြစ်ပွားခဲ့လို့ ရဲတိုင်ပေမယ့် စာရင်းပြုစုပေးတာပဲရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဖတ်ရန်
ပလမြို့အနီး ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာဖြစ်သူ သေဆုံး မှုခင်းသတင်း

ပလမြို့အနီး ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာဖြစ်သူ သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အနီးမှာ ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်