အရေးပေါ်
မှုခင်းသတင်း

ပလမြို့အနီး ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာဖြစ်သူ သေဆုံး

၂၀၂၆ နိုဝင်ဘာ ၂၅ Myo Taw
ပလမြို့အနီး ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာဖြစ်သူ သေဆုံး

ပလမြို့အနီး ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာဖြစ်သူ သေဆုံး

နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အနီးမှာ ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့၊ မနက် ၉ နာရီခန့်က ပလမြို့အနီး သင်္ကန်းတောနဲ့ ကဒဲရွာကြား၊ မြိတ်-ထားဝယ် ကားလမ်းပေါ်မှာ “ရွှေဝယ်ဟိဏ်း” ယာဉ်လိုင်းက ကားတစီး ကားပျက်နေလို့ ပြင်နေချိန် သေနတ်နဲ့ ပစ်ခတ်ခြင်း ခံခဲ့ရတာလို့ သိရပါတယ်။

“ကားပျက်လို့ ပြင်နေတာ၊ သူ့ကားတင်မဟုတ်ဘူး တခြားကားတွေလည်း အနားမှာရှိတယ်။ သေနတ်နဲ့ လှမ်းပစ်တဲ့သူက ဒီတိုင်းရမ်းသန်း ပစ်သွားတာမျိုး။ အခုသေတဲ့ ကားသမားက ရွှေဝယ်ဟိဏ်းယာဉ်လိုင်းက ကားသမား၊ တခြားကားသမားတွေကတော့ လွတ်တယ်” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

ခရီးသည်တင်ကား ပစ်ခတ်ခံခဲ့ရတာကြောင့် ကားသမားဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုအာကာ ဆိုသူ ဦးခေါင်းကျည်ထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာ အနီးတဝိုက်ဟာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား စစ်ရေးလှုပ်ရှားနေတဲ့ နေရာတွေဖြစ်ပြီး ကားသမားသေဆုံးမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ် ပြည်တွင်းသတင်း

အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ်

နိုဝင်ဘာလ ၂၅ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်ခန့်က အသက် ၁၁ နှစ်အရွယ် ကျောင်းသားဖြစ်သူက အသက် ၆၁ နှစ်အရွယ် အဖွားဖြစ်သူကို…

ဖတ်ရန်
သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ ပြည်တွင်းသတင်း

သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးခဲ့တဲ့ ဖခင်အရင်းဖြစ်သူ လိုက်လံဖမ်းဆီးစဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး ပြည်တွင်းသတင်း

ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ရပ်ကွက်တချို့မှာ တရက်တည်း ပြန်ပေးဆွဲမှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေ ဖြစ်ပွားခဲ့လို့ ရဲတိုင်ပေမယ့် စာရင်းပြုစုပေးတာပဲရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဖတ်ရန်
ကျောက်မြောင်းမှာ နေ့ခင်းဘက်ကြီး ရွေဆိုင်တဆိုင်ကို လူငယ်တခု ဓားကိုင်ကာ ဝင်ရောက်လုယက် ပြည်တွင်းသတင်း

ကျောက်မြောင်းမှာ နေ့ခင်းဘက်ကြီး ရွေဆိုင်တဆိုင်ကို လူငယ်တခု ဓားကိုင်ကာ ဝင်ရောက်လုယက်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်အတွင်းက စိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင်တဆိုင်ကို လူငယ်တစုက ဓားကိုင်ကာ ဝင်ရောက်တိုက်ခိုက် လုယက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်