ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး
အောက်တိုဘာ ၂၁
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၀ ရက် မနေ့က မနက်ပိုင်းက ရထားတိုက်ခံရပြီး သေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ကြတာလို့ သိရပါတယ်။
သေဆုံးသူ အသက် ၂၇ နှစ်အရွယ် ကိုအောင်သူဆိုသူဟာ အောက်တိုဘာလ ၁၉ ရက်နေ့က ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီးနောက် ဘုန်းကြီးကျောင်းမှာ ညအိပ်ကာ မနက်အစောပိုင်းမှာ သူ့အဘွားအိမ်သို့ ပြန်ရာက အခုလို သေဆုံးခဲ့တာလို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
“ဘုန်းကြီးကျောင်းမှာ ညအိပ်ပြီး မနက်အစောကြီး ထွက်သွားတာ။ ဘယ်လိုဖြစ်တယ်တော့ မသိဘူး၊ သူ့အဘွားအိမ်နဲ့က ကိုက် ၁၀၀ လောက်ပဲ ဝေးတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို 'လောကအလင်း' လူမှုကူညီကယ်ဆယ်ရေးအသင်းက သန်လျင်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
မြို့တော် News Channel