ရုပ်သံ
ပြည်တွင်းသတင်း
ပလုံကောက်ရင်း နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတဲ့ ကလေးငယ်တစုကို ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီး
ပလုံကောက်ရင်း နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတဲ့ ကလေးငယ်တစုကို ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီး
နိုဝင်ဘာ ၉
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ တပ်ကုန်းကျေးရွာမှာ ပလုံကောက်တဲ့ ကလေးငယ်တွေက နေအိမ်ထဲဝင်ကာ ဖောက်ထွင်းခိုးယူမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့၊ နေ့လယ် ၁၁ နာရီဝန်းကျင်က မြို့သစ်မြို့နယ်၊ တပ်ကုန်းရွာမှာ ပလုံကောက်ရင်း လူနေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတဲ့ ကလေးငယ် ၅ ဦးကို ဒေသခံရွာသားတွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
“ကိုဇော်မိုးထက်အိမ်ကို ဝင်ဖောက်တာ၊ ရွှေနဲ့ပိုက်ဆံတွေ ပါသွားတယ်။ အိမ်ရှင်က သိလို့လိုက်တော့ သူတို့အိတ်ထဲက တွေ့တာ။ ကလေးတွေကို သနားပေမယ့် ရဲလက်ပဲ အပ်လိုက်ကြတယ်။ ကလေးတွေက တောင်တွင်းကြီးကလို့ ပြောတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖောက်ထွင်းခိုးယူနေတဲ့ ကလေးငယ်အုပ်စုမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေး ၃ ဦးနဲ့ ယောက်ျားလေး ၂ ဦးတို့ ပါဝင်ပြီး တောင်တွင်းကြီးရဲစခန်းကို လွှဲပြောင်းကာ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ဓာတ်ပုံများ (2)
ဆက်စပ် သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
ရုပ်သံ
ပြည်တွင်းသတင်း
ကထိန်အတွက် ပစ္စည်းပို့ပြီးပြန်လာတဲ့သုံးဘီး တံတားအဆင်းမှာပြုတ်ကျလို့ ၂ ဦးသေဆုံး
ရုပ်သံ
ပြည်တွင်းသတင်း
နိုဝင်ဘာ ၁၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း