အရေးပေါ်
ပြည်တွင်းသတင်း

ရွှေပြည်သာမြို့နယ်မှာ လူငယ် ၂ ဦး အလုပ်ရဖို့ အင်တာဗျူးသွားဖြေရာက ပျောက်ဆုံးနေပြီး တလကြာတဲ့အထိ အဆက်အသွယ် မရသေး

၂၀၂၆ စက်တင်ဘာ ၂၄ Myo Taw
ရွှေပြည်သာမြို့နယ်မှာ လူငယ် ၂ ဦး အလုပ်ရဖို့ အင်တာဗျူးသွားဖြေရာက ပျောက်ဆုံးနေပြီး တလကြာတဲ့အထိ အဆက်အသွယ် မရသေး

ရွှေပြည်သာမြို့နယ်မှာ လူငယ် ၂ ဦး အလုပ်ရဖို့ အင်တာဗျူးသွားဖြေရာက ပျောက်ဆုံးနေပြီး တလကြာတဲ့အထိ အဆက်အသွယ် မရသေး

စက်တင်ဘာ ၂၄

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် ၂ ဦးဟာ ဩဂုတ်လ ၂၅ ရက်နေ့က အလုပ်အတွက် အင်တာဗျူးသွားရောက်ဖြေဆိုဖို့ဖို့ ထွက်သွားခဲ့ရာက ပျောက်ဆုံးသွားခဲ့ပြီး တစ်လနီးပါး ကြာသည်အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ လူငယ် ၂ ဦးဟာ အသက် ၂၁ နှစ်အရွယ်ရှိ ပြည့်စုံဖြိုး နှင့် ချစ်ကိုကို တို့ ဖြစ်တယ်လို့ သိရပြီး သူတို့ နှစ်ဦးဟာ ဖိနပ်စက်ရုံတစ်ခုမှာ အလုပ်လျှောက်ထားတာကြောင့် အင်တာဗျူးဖြေဆိုဖို့အတွက် ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၇ နာရီလောက်က ထွက်သွားခဲ့ပြီး ပျောက်ဆုံးနေတာဟာ တစ်လကြာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

"၁၄ လမ်းဆုံဘက်က ဖိနပ်စက်ရုံမှာ အလုပ်သွားလျှောက်တာလို့ ပြောတယ်။ အလုပ်အင်တာဗျူးဖို့ သူ့အလှည့်ရောက်လို့ ခေါ်နေတယ်ဆိုပြီး အဆောင်ကနေ ထွက်သွားတာ။ နေ့ခင်းဘက် အင်တာဗျူးမဖြေခင် ဖုန်းအဆက်အသွယ် ရသေးတယ်။ အင်တာဗျူး ဖြေရတော့မှာမလို့ ဖုန်းချတော့မယ်၊ ပြန်ဆက်မယ်ဆိုပြီး ပြန်မဆက်တော့ဘူး။ ဖုန်းကလည်း ဆက်သွယ်လို့ မရဘူး။ အဲ့ကတည်းက ပျောက်သွားတာ" လို့ ပြည့်စုံဖြိုး ရဲ့ မိသားစုဝင် တဦးက မြို့တော်ကို ပြောပါတယ်။

ပြည့်စုံဖြိုး နှင့် ချစ်ကိုကို တို့ဟာ ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်မှာ သူတို့ရဲ့ သူငယ်ချင်းဖြစ်သူထံ မက်ဆေ့ပို့ခဲ့သေးတယ်လို့ သိရပြီး အဲ့နောက်ပိုင်းမှာ အဆက်အသွယ် လုံးဝ မလုပ်တော့တာ ဖြစ်တယ်လို့ သိရပါတယ်။

"အဲ့နေ့ ညနေ ၄ နာရီလောက်မှာ သူတို့သူငယ်ချင်း တယောက်ဆီကို မင်းတို့တွေလည်း ဖုန်းမကိုင်ကြနဲ့ ဆိုပြီး မက်ဆေ့ တစ်စောင်ပို့တယ်လို့ ပြောတယ်" လို့ ပြည့်စုံဖြိုး ရဲ့ မိသားစုဝင် တဦးက မြို့တော်ကို ပြောပါတယ်။

ပြည့်စုံဖြိုး နှင့် ချစ်ကိုကို တို့နှစ်ဦးဟာ ယခင်အလုပ်က နေ့ဆိုင်းတပတ် ညဆိုင်းတပတ် ဆင်းရပြီး စက်ရုံလမ်းကြားက လူပြတ်တာကြောင့် ညဘက်ပြန်တဲ့ အချိန်တွေအတွက် စိုးရိမ်ပူပန်မှုဖြစ်ကာ နေ့ဆိုင်းပဲ ဆင်းရတဲ့ ‌တခြားစက်ရုံတစ်ခုမှာ အလုပ်ရဖို့ အင်တာဗျူးသွားရောက်ဖြေဆိုချိန်မှာ အခုလို ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေသူ ပြည့်စုံဖြိုး ဟာ ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ဇာတိဖြစ်ပြီး ချစ်ကိုကို ဟာ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ဇာတိ ဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်