အရေးပေါ်
ပြည်တွင်းသတင်း

ဆတ်သွား - လယ်ဝေးလမ်းပိုင်း တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးသေဆုံး ၁ ဦး ပြင်းဒဏ်ထန်ရာရရှိကာ သေနတ် ၁ လက်နဲ့ ဆိုင်ကယ် ၂ စီး သိမ်းယူနိုင်ခဲ့

၂၀၂၆ နိုဝင်ဘာ ၅ Myo Taw
ဆတ်သွား - လယ်ဝေးလမ်းပိုင်း တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးသေဆုံး ၁ ဦး ပြင်းဒဏ်ထန်ရာရရှိကာ သေနတ် ၁ လက်နဲ့ ဆိုင်ကယ် ၂ စီး သိမ်းယူနိုင်ခဲ့

ဆတ်သွား - လယ်ဝေးလမ်းပိုင်း တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးသေဆုံး ၁ ဦး ပြင်းဒဏ်ထန်ရာရရှိကာ သေနတ် ၁ လက်နဲ့ ဆိုင်ကယ် ၂ စီး သိမ်းယူနိုင်ခဲ့

နိုဝင်ဘာ ၅

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား - လယ်ဝေးလမ်းပိုင်းမှာ ကုက္ကိုလ် ရဲစခန်းမှ ရဲ ၆ ဦးကို အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်က စောင့်ကြိုပစ်ခတ်ပြီး လက်နက်ခဲယမ်းနဲ့ ဆိုင်ကယ် ၂ စီးကို သိမ်းယူနိုင်ခဲ့တယ်လို့ နေပြည်တော် အမှတ် ၉၀၂ တပ်ရင်း၊ တပ်ခွဲ ၃ (တောင်တွင်းကြီး တပ်ခွဲ) က နိုဝင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦး သေဆုံးပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ MA 3 တစ်လက်၊ ကျည် ၉ တောင့်နဲ့ ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကုက္ကိုလ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား ကျေးရွာအနီးမှာ ကင်းပတ်တာ၊ ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာလို့ နေပြည်တော် ၉၀၂ တပ်ရင်းက အသိပေးပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ရိုးမဖိုက်တာ စစ်ကြောင်းမှ အမှတ် (၁) စစ်ဒေသလက်အောက်ရှိ အောင်လံ ပ.က.ဖ၊ သရက်ခရိုင် အမှတ် (၁) တပ်ရင်းနှင့် နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ (၁၇) လက်အောက်ရှိ နေပြည်တော် တပ်ရင်း (၉၀၂)၊ နေပြည်တော်တပ်ရင်း (၈၀၄)၊ မကွေး-တောင်တွင်းကြီး အထူးးပြောက်ကျားတပ်ဖွဲ့နှင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဏ္ဏဝတီ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

မန္တလေးမှာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး လုယက်မှု နှစ်ခုဖြစ်ပွား ပြည်တွင်းသတင်း

မန္တလေးမှာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး လုယက်မှု နှစ်ခုဖြစ်ပွား

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၅ လမ်း ၊၂၆ လမ်းနဲ့ ၂၇ လမ်းကြားက "Pro Solar Energy & Led…

ဖတ်ရန်
အင်းတော် - ကောလင်း - ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင်ပြည်သူ ၃ ဦးကို  အာဏာသိမ်းစစ်တပ်က သတ်ပစ် ပြည်တွင်းသတင်း

အင်းတော် - ကောလင်း - ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင်ပြည်သူ ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် - ကောလင်းမြို့နယ် - ထီးချိုင့်မြို့နယ်အစပ်မှာ ထီးချိုင့်လမ်းဆုံကနေ စစ်ကြောင်း ထိုးလာတဲ့ အာဏာသိမ်း စစ်တပ်က ဒိုးပင်တောင်ရိုး၊ ရှုခင်းသာအနီးမှာ စစ်ရှောင်ပြည်သူ…

ဖတ်ရန်
ပေါက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၄၀၀၀ နီးပါး စစ်ဘေးရှောင်နေရ ပြည်တွင်းသတင်း

ပေါက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၄၀၀၀ နီးပါး စစ်ဘေးရှောင်နေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်(တောင်ပိုင်း)က နေရာတချို့ကို အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၄၀၀၀…

ဖတ်ရန်
အင်းတော်-ကောလင်း-ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင် ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်ခဲ့ ရုပ်သံ ပြည်တွင်းသတင်း

အင်းတော်-ကောလင်း-ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင် ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်ခဲ့

အင်းတော်-ကောလင်း-ထီးချိုင့်အစပ် ဒိုးပင်တောင်ရိုးမှာ စစ်ရှောင်ပြည်သူ ၃ ဦးကို အာဏာသိမ်းစစ်တပ်က သတ်ပစ်ခဲ့တဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်