အရေးပေါ်
ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

၂၀၂၆ အောက်တိုဘာ ၂၁ Myo Taw
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

အောက်တိုဘာ ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

အောက်တိုဘာလ ၂၁ ရက် ဒီကနေ့မနက် ၄ နာရီခန့်က ကျောက်စိမ်းတွင်းဒေသ၊ လုံးခင်းကျေးရွာမှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို လုံးခင်းဆေးရုံကုန်းမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်က သေနတ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“သူတို့ သတ်မှတ်ထုတ်ပြန်ထားတဲ့အချိန် ၄ နာရီလောက် ဈေးသွားတာ။ အဲ့ဂိတ်နားကျ ဆိုင်ကယ်ဆီပျက်လို့ ၂ ယောက်သား တွန်းလာတာကို ဝိုင်းပစ်တာ။ ရင်ဘတ်နဲ့ ခြေထောက်တွေ ကျည်ထိတယ်၊ တယောက်က ခြေသလုံးအရိုးထိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် အသက် ၄၀ အရွယ် ဒေါ်မိုးမိုးထွန်းဟာ ရင်ဘတ်ထိမှန်ဒဏ်ရာ ရရှိခဲ့ကာ အသက် ၂၀ ဝန်းကျင်အရွယ် မမြင့်မြင့်မိုးဟာ ခြေသလုံး ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် လက်ရှိဆေးကုသမှု ခံယူနေတယ်လို့လည်း သိရပါတယ်။

ဖားကန့်မြို့မှာ စုပေါင်းရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး၊ မနက် ၄ နာရီဝန်းကျင် အပြင်ထွက်တဲ့သူတွေကို အာဏာသိမ်းစစ်တပ်က ရမ်းသန်းပစ်ခတ်တာတွေကြောင့် ကျည်ထိမှန်တဲ့ သူတွေလည်း ရှိခဲ့ကာ၊ အခုလို ရမ်းသန်းပစ်ခတ်မှုကြောင့် မနက်အစောပိုင်း ဈေးသွားလာရတဲ့ ပြည်သူတွေ လမ်းခရီးမှာ ပစ်ခတ်ခံရမှာကို စိုးရိမ်ထိတ်လန့်နေကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၀ ရက် မနေ့က ညနေ ၅ နာရီခန့်ကလည်း မှော်စီစာ မြန်မာ့ဟန် ဆီဆိုင်ရှေ့မှာ စူပါစိမ်းကုမ္ပဏီဝန်းထဲ နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက ခရီးသွားအမျိုးသားတဦးဆီက သိန်းငါးဆယ် ဓားပြတိုက်သွားခဲ့သေးတယ်လို့လည်း သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ ပြည်တွင်းသတင်း

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်