အရေးပေါ်
ပြည်တွင်းသတင်း

ပုသိမ်ကြီးမြို့နယ်မှာ 'ငါပျူစောထီးကွ' ဆိုပြီး သေနတ်နဲ့ ပစ်ခတ် ဓားပြတိုက်သွားလို့ တူဝရီး ၃ ဦးစလုံး သေဆုံး

၂၀၂၆ နိုဝင်ဘာ ၈ Myo Taw
ပုသိမ်ကြီးမြို့နယ်မှာ 'ငါပျူစောထီးကွ' ဆိုပြီး သေနတ်နဲ့ ပစ်ခတ် ဓားပြတိုက်သွားလို့ တူဝရီး ၃ ဦးစလုံး သေဆုံး

ပုသိမ်ကြီးမြို့နယ်မှာ 'ငါပျူစောထီးကွ' ဆိုပြီး သေနတ်နဲ့ ပစ်ခတ် ဓားပြတိုက်သွားလို့ တူဝရီး ၃ ဦးစလုံး သေဆုံး

နိုဝင်ဘာ ၈

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ (မြောက်ပိုင်း) ကားလမ်းဘေးက 'ထာဝရ' ဖုန်းဆိုင်ကို အမျိုးသားတဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်ပစ်ခတ် ဓားပြတိုက်ရာက ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီခန့်မှာ ရန်ကင်းတောင်ကျေးရွာ (မြောက်ပိုင်း) ကားလမ်းဘေးက 'ထာဝရ' ဖုန်းဆိုင်ကို ဆိုင်ကယ်တစီးနဲ့ အမျိုးသားတဦးရောက်လာပြီး 'ငါပျူစောထီးကွ' လို့ဆိုကာ ခြိမ်းခြောက်ငွေတောင်းခဲ့ရာက ဆိုင်ရှင်ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

“ဆိုင်ရှင်အမျိုးသမီး မဖြူစင်ကို ငါပျူစောထီးကွ ဆိုပြီး သေနတ်ပြ ငွေတောင်းတာ။ မဖြူစင်က ကြောက်ပြီး အထဲဝင်တော့ ဆိုင်ရှင်အမျိုးသား ကိုအောင်မျိုးသန့်က ခင်ဗျားက ဘယ်အဖွဲ့ကလဲ ဘာလဲမေးတာမှာ ဟိုလူက ဆိုင်ရှင် ကိုအောင်မျိုးသန့်ရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်သတ်လိုက်တာ။ သေနတ်နဲ့ ပစ်ပြီးတော့ သူ့မှာပါလာတဲ့ ဆိုင်ကယ်နဲ့ အတင်းထွက်ပြေးသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဆိုင်ရှင် ကိုအောင်မျိုးသန့် ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ပြီးနောက် ဦးလေးဖြစ်သူ ကိုမောင်နဲ့ ဦးပေလုံးတို့က ကားနဲ့ လိုက်ဖမ်းကြရာက တရားခံဖြစ်သူရဲ့ ဆိုင်ကယ်ကို ကားနဲ့ တိုက်မိခဲ့ပြီး ဆိုင်ကယ်လဲသွားချိန် ကားရှေ့မှန်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အသင့်ပါလာတဲ့ လက်ပစ်ဗုံးနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“သေနတ်နဲ့ကော လက်ပစ်ဗုံးနဲ့ပါ ပစ်ပြီး ပြေးတာ။ ကားထဲမှာ ၃ ယောက်ပါတာ၊ အရှေ့က ဦးလေး ၂ ယောက် ကျည်ထိသွားတယ်။ နောက်ခန်းက လူကို လက်ပစ်ဗုံးနဲ့ ပစ်တာ ဗုံးမပေါက်လို့ နောက်ခန်းက လူမသေဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီနောက် သေနတ်သမားဟာ လိန်ပင်ကျေးရွာ၊ ရွာလယ်လမ်းအနီးက မထက်ယုအောင်ရဲ့ နေအိမ်ကို ဝင်ရောက်ပြီး သေနတ်နဲ့ ချိန်ရွယ်ကာ မထက်ယုအောင် ပိုင်ဆိုင်တဲ့ ၄၅ယ/၇၇၂၄၉ DAYAN အမျိုးအစား ဆိုင်ကယ်ကို လုယက်ခဲ့ပြီး ရွာလယ်လမ်းကနေ ရေကြည်ကျေးရွာဘက်ကို မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဓားပြတိုက်ကျူးလွန်သူရဲ့ ပစ်ခတ်ခြင်းကြောင့် ဆိုင်ရှင် ကိုအောင်မျိုးသန့်နဲ့အတူ ဦးလေးတွေဖြစ်တဲ့ ကိုမောင်နဲ့ ဦးပေလုံးတို့ ၃ ဦးစလုံး သေဆုံးခဲ့ရတယ်လို့ သိရပြီး နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ် ၂ နာရီမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

နိုဝင်ဘာ ၁၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

နိုဝင်ဘာ ၁၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

နိုဝင်ဘာ ၁၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
ကထိန်အတွက် ပစ္စည်းပို့ပြီးပြန်လာတဲ့သုံးဘီး တံတားအဆင်းမှာပြုတ်ကျလို့ ၂ ဦးသေဆုံး ရုပ်သံ ပြည်တွင်းသတင်း

ကထိန်အတွက် ပစ္စည်းပို့ပြီးပြန်လာတဲ့သုံးဘီး တံတားအဆင်းမှာပြုတ်ကျလို့ ၂ ဦးသေဆုံး

ကထိန်အတွက် ပစ္စည်းပို့ပြီးပြန်လာတဲ့သုံးဘီး တံတားအဆင်းမှာပြုတ်ကျလို့ ၂ ဦးသေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
နိုဝင်ဘာ ၁၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

နိုဝင်ဘာ ၁၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

နိုဝင်ဘာ ၁၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
ဓါး နဲ့ ခုတ်ပြီး ဖုန်းနှင့် ဆိုင်ကယ်တွေ လုယက်မှု ၁၄ မှု ကျုးလွန်သူတွေကို ဖမ်းဆီးရမိပြီလို့ဆို ရုပ်သံ ပြည်တွင်းသတင်း

ဓါး နဲ့ ခုတ်ပြီး ဖုန်းနှင့် ဆိုင်ကယ်တွေ လုယက်မှု ၁၄ မှု ကျုးလွန်သူတွေကို ဖမ်းဆီးရမိပြီလို့ဆို

ဓါး နဲ့ ခုတ်ပြီး ဖုန်းနှင့် ဆိုင်ကယ်တွေ လုယက်မှု ၁၄ မှု ကျုးလွန်သူတွေကို ဖမ်းဆီးရမိပြီလို့ဆိုတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု…

ကြည့်ရန်