Local News

Taunggyi City Development Committee Cracks Down on Beggars Under Elimination Plan

Aug 27, 2026 Myo Taw
Taunggyi City Development Committee Cracks Down on Beggars Under Elimination Plan

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ တောင်းရမ်းစားသောက်သူတွေကို စတင် ဖမ်းဆီးအရေးယူနေကာ ခွေးလေခွေးလွင့်တွေကိုလည်း စတင် သုတ်သင်ရှင်းလင်းတော့မယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့က စတင်ကာ တောင်းရမ်းစားသောက်နေသူ ပပျောက်ရေး စီမံချက်နဲ့ တောင်ကြီး မြို့မစည်ပင်အဖွဲ့က ကားတစီးနဲ့ တောင်းရမ်းစားသောက်နေရသူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

"တောင်းစားနေတဲ့သူတွေကြောင့် မြို့ပေါ်သွားလာနေတဲ့သူတွေအဖို့ စိတ်အနှောက်အယှက်ဖြစ်ရတယ်၊ အဲ့တာကြောင့် အခုလို ရှင်းလင်းတာ၊ ပထမအကြိမ်ဖမ်းဆီးပြီး ခံဝန်ထိုးပြီးရင် နောက်ပိုင်းကျ အရေးယူမှာလို့ ကြားတယ်" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

တောင်းရမ်းစားသောက်သူတွေ များပြားလာတာကြောင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက အခုလို စီမံချက်နဲ့ လုပ်တာလို့ သိရပြီး လာမယ့် ဩဂုတ်လ ၂၉ ရက်နေ့မှာလည်း လမ်းဘေး ခွေးလေခွေးလွင့်တွေကို အစာအဆိပ်ချ ရှင်လင်းဦးမယ်လို့ သိရပါတယ်။

Photo Gallery (1)