အရေးပေါ်
နိုင်ငံတကာသတင်း

ရာသီဥတု ဆိုးရွားမှုကြောင့် နီပေါရေဘေးကယ်ဆယ်ရေး ယာယီရပ်ဆိုင်း၊ ဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခြားနည်းပညာအကူအညီ လိုအပ်နေ

၂၀၂၆ သြဂုတ် ၂၉ Myo Taw
ရာသီဥတု ဆိုးရွားမှုကြောင့် နီပေါရေဘေးကယ်ဆယ်ရေး ယာယီရပ်ဆိုင်း၊ ဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခြားနည်းပညာအကူအညီ လိုအပ်နေ

နီပေါနိုင်ငံမှာ ဩဂုတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဩဂုတ်လ ၂၉ ရက်မှာ ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

အဆိုပါ ဘေးအန္တရာယ်ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နိုင်ငံခြားက နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း နီပေါအစိုးရဘက်က ပြောပါတယ်။

လူဦးရေ သန်း ၃၀ ခန့်ရှိတဲ့ ဟိမဝန္တာတောင်တန်းနိုင်ငံ နီပေါမှာ ဩဂုတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ထူထောင်ဖို့ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကနေ ၅ ဘီလီယံအထိ လိုအပ်နိုင်တယ်လို့ နီပေါဘဏ္ဍာရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

အဆိုပါရေဘေးဟာ ရေခဲမြစ်ပြိုကျမှုကြောင့် စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောက်တုံး၊ ရေခဲ၊ ရွှံ့နွံနဲ့ အပျက်အစီးတွေ ပါဝင်တဲ့ တောင်ကျရေစီးကြောင်းဟာ တောင်တန်းဒေသက မြစ်ကြောင်းတွေအတိုင်း တဟုန်ထိုး စီးဆင်းခဲ့တာပါ။

အဲဒီတောင်ကျရေစီးကြောင်းကြောင့် လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အဆောက်အအုံတွေ၊ တံတားတွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ပျက်စီးခဲ့သလို နီပေါနိုင်ငံမှာ အနည်းဆုံး ၆၂၆ ဦးနဲ့ တရုတ်နိုင်ငံ တိဘက်ဒေသမှာ ၇ ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိအချိန်အထိ နီပေါနိုင်ငံမှာ ၂,၄၂၆ ဦးနဲ့ တိဘက်ဒေသ ဂျီရောင်ခရိုင်မှာ အနည်းဆုံး ၅၅၄ ဦးအပါအဝင် စုစုပေါင်း လူ ၃,၀၀၀ နီးပါး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ပျောက်ဆုံးသူတွေထဲမှာ နိုင်ငံခြားသား အနည်းဆုံး ၅၄၀ ဦး ပါဝင်ပြီး အများစုဟာ အိန္ဒိယနိုင်ငံက ဟိန္ဒူဘာသာဝင် ဘုရားဖူးတွေ ဖြစ်တယ်လို့ သိရပါတယ်။

Ref & Photo; Reuters

ဓာတ်ပုံများ (9)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်