အရေးပေါ်
ပြည်တွင်းသတင်း

အဆိုတော် ဆက်နိုင် ရဲ့ ရုပ်အလောင်း ရုပ်ပျက်ဆင်းပျက်နဲ့ တံတားဖြူအောက် သံလမ်းပေါ်မှာ တွေ့ရှိ

၂၀၂၆ အောက်တိုဘာ ၉ Myo Taw
အဆိုတော် ဆက်နိုင် ရဲ့ ရုပ်အလောင်း ရုပ်ပျက်ဆင်းပျက်နဲ့ တံတားဖြူအောက် သံလမ်းပေါ်မှာ တွေ့ရှိ

အဆိုတော် ဆက်နိုင် ရဲ့ ရုပ်အလောင်း ရုပ်ပျက်ဆင်းပျက်နဲ့ တံတားဖြူအောက် သံလမ်းပေါ်မှာ တွေ့ရှိ

အောက်တိုဘာ ၉

စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ အဆိုတော် ဆက်နိုင်ဟာ မန္တလေးမြို့၊ တံခွန်တိုင် အဝိုင်းအကျော် အမြန်လမ်း တံတားဖြူအောက် သံလမ်းပေါ်မှာ ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးနေတာကို အောက်တိုဘာလ ၉ ရက် ဒီကနေ့ မနက်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အမှတ်(၂)၊ ဆုံကုန်း ရပ်ကွက်နေ အဘ ဦးတာတာထွန်း ရဲ့ သားဖြစ်သူ အဆိုတော် ဆက်နိုင် (ခ) ဆက်နိုင်ထွန်း ဟာ စစ်မှုထမ်းဖို့ အသက်အရွယ် ပြည့်မြောက်ပြီးသူ ဖြစ်တာကြောင့် မှတ်ပုံတင် စာရင်းသွင်းဖို့အတွက် တံတားဦးမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဇူလိုင်လ ၂၅ ရက်နေ့မှာ ဆင့်ခေါ်စာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကိုဆက်နိုင် ရဲ့ တံတားဦးမြို့နယ်မှာရှိတဲ့ နေအိမ်ကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ စစ်သားတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၃ ယောက်က ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က ဆင့်ခေါ်စာ လာပို့ခဲ့တာဖြစ်ပြီး ဆက်နိုင် ဟာ အဲ့ဒီည ၂ နာရီကျော်ခန့် ကတည်းက နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ အဆိုတော် ဆက်နိုင် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆယ်လီတွေဖြစ်တဲ့ အေသင်ကို ၊ သမီးဆိုး တို့နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့ကြပြီး အပြင်မှာချိန်းဆိုတဲ့ စိန်ခေါ်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

"စစ်မှုထမ်း ဆင့်ခေါ်စာပါလို့ နေအိမ်က ရှောင်တိမ်းနေတဲ့အချိန်မှာ ဆက်နိုင်ကို ဖမ်းဖို့ဆိုပြီး ဆယ်လီ သမီးဆိုး က Live လွှင့်ရင်း အပြန်အလှန် ပြဿနာတွေ ဖြစ်ကြတာ။ စစ်မှုထမ်း ကိစ္စမှာ သမီးဆိုး က Live လွှင့်ပြီး အေသင်ကို နဲ့ ဆက်နိုင်ကို ရန်တိုက်ပေးရာကနေ သူတို့နှစ်ယောက် ပြဿနာ စဖြစ်ကြတာ။ ဆက်နိုင် က သားမိနှစ်ယောက်တည်း ရှိတာဆိုတော့ နောက်ပိုင်းမှာ စစ်မှုထမ်း ကင်းလွတ်ခွင့် ရသွားတယ်။ သူနေအိမ် ပြန်ရောက်ပြီးမှ အေသင်ကိုနဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာက ဆက်ဖြစ်နေတာ" လို့ ဆက်နိုင်နဲ့ နီးစပ်တဲ့ မိတ်ဆွေတဦးက မြို့တော်ကို ပြောပါတယ်။

အေသင်ကို က အဆိုတော် ဆက်နိုင် စစ်မှုထမ်း ရှောင်တိမ်းစဉ်က သူပုန်းခိုတဲ့ နေရာတွေကို ရဲ နဲ့ စစ်တပ် ကို သတင်းပေးကာ ဖမ်းခိုင်းတာတွေလည်း လုပ်ဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

"ဆက်နိုင်က ဆင့်ခေါ်စာ မရောက်ခင်က အောင်သမာဓိ ပိုင်ရှင်ရဲ့သား လူသာဟန် နဲ့လည်း ပြဿနာ တက်ဖူးတယ်။ သမီးဆိုး က လက်ရှိ ပြည်တွင်းမှာ မရှိတော့ အေသင်ကို နဲ့ ပြဿနာဖြစ်ကြရင်း သူတို့ချင်း အပြင်မှာ ချိန်းဆိုတဲ့ နေရာမှာပဲ ဆက်နိုင်က သေနေတာဖြစ်တော့ အများစုက အေသင်ကို လုပ်တယ်လို့ ပြောနေကြတယ်" လို့ ဆက်နိုင်ရဲ့ မိတ်ဆွေဖြစ်သူက ထပ်မံ ပြောဆိုထားပါတယ်။

ဆက်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့ ဥက္ကာမင်းမောင် ကလည်း "ဆက်နိုင် က လူမုန်းများသည် ဖြစ်​စေ၊ နည်းသည်ဖြစ်​စေ အသက်တစ်​ချောင်းကို ရက်ရက်စက်စက် သတ်စရာလား။ သတ်ရ​လောက်တဲ့အထိ လိုအပ်သလား။ ဒါဟာ သူတပါး မိသားစုကို ထာဝရဖြိုခွဲပစ်တာ။ အဲ့ဒါ မိုက်ရိုင်းယုတ်မာ အကြံပက်စက်လွန်း အားကြီးတာ။ ငါက​တော့ သူ့ကို မသိဘူး။ လူချင်းလည်း မခင်ဘူး။ သူ့အတိတ်မှာ ဘာပဲလုပ်ခဲ့ လုပ်ခဲ့ စိတ်မဝင်စားဘူး။ LGBT တစ်​ယောက်ကို လူမဆန်စွာ လုပ်ကြံတဲ့အတွက် ငါက LGBT တစ်​ယောက်အ​နေနဲ့ ​နောက်ထပ် ဘယ်သူမှ ဒီလိုအဖြစ်ဆိုးမျိုး မကြုံရ​အောင် Speak Out မှာပဲ။ လုပ်ကြံ​ပေးတဲ့ တရားခံ ၅ ​ယောက်​ကော၊ လုပ်ကြံခိုင်းတဲ့ အဓိက တရားခံ​ရော အမြန်ဆုံး ​တရားဥပ​ဒေရဲ့ ဆုံးမမှု ခံရပါ​စေသား" ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားပြောဆိုထားပါတယ်။

ကွယ်လွန်သူ အဆိုတော် ဆက်နိုင်ရဲ့ ရုပ်အလောင်းကို အောက်တိုဘာလ ၁၀ ရက် မနက်ဖြန်မှာ မန္တလေးမြို့၊ တောင်အင်းမြောက်အင်း သုဿာန်မှာ သင်္ဂြိုဟ်သွားမှာဖြစ်တယ်လို့ သိရပြီး ဆက်နိုင် သေဆုံးမှုဖြစ်စဉ်ကို အမှန်တရား ပေါ်ပေါက်စေဖို့ ယခင်က ပြဿနာဖြစ်ပွားခဲ့ဖူးတဲ့ သမီးဆိုး ကပါ လူမှုကွန်ရက်ကတစ်ဆင့် တောင်းဆိုထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်အပတ်အတွင်း မိုးပြန်လည် အားကောင်းလာမယ်လို့ဆို ပြည်တွင်းသတင်း

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်အပတ်အတွင်း မိုးပြန်လည် အားကောင်းလာမယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းကွေ့နှင့် ၎င်းရဲ့ အနီးဝန်းကျင်မှာ လေထုအထက်ပိုင်း လေဝှေ့စနစ်တစ်ခု စတင်ဖြစ်ပေါ်နေပြီး အောက်တိုဘာလ ၁၁ ရက်ဝန်းကျင်မှာ ကပ္ပလီပင်လယ်ပြင်သို့…

ဖတ်ရန်
ကပစ ၁၂ မှ တက်လာတဲ့ ပါရာမော်တာ ၃ စီးက တိုက်ခိုက်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရ ပြည်တွင်းသတင်း

ကပစ ၁၂ မှ တက်လာတဲ့ ပါရာမော်တာ ၃ စီးက တိုက်ခိုက်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရ

မကွေးတိုင်း၊ သရက်မြို့နယ်၊ ကပစ ၁၂ မှ တက်လာတဲ့ ပါရာမော်တာ ၃ စီးက မင်းတုန်းမြို့နယ်၊ ချင်းနစ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေနဲ့ နွားတွေသေဆုံးခဲ့ပြီး…

ဖတ်ရန်
မြစ်ကြီးနာမြို့မှာ ဆိုင်ကယ်စီးနေသူထံက ဖုန်းလုယက်ထွက်ပြေးသူကို ဒေသခံတွေက ဝိုင်ဝန်းဖမ်းဆီး ရုပ်သံ ပြည်တွင်းသတင်း

မြစ်ကြီးနာမြို့မှာ ဆိုင်ကယ်စီးနေသူထံက ဖုန်းလုယက်ထွက်ပြေးသူကို ဒေသခံတွေက ဝိုင်ဝန်းဖမ်းဆီး

မြစ်ကြီးနာမြို့မှာ ဆိုင်ကယ်စီးနေသူထံက ဖုန်းလုယက်ထွက်ပြေးသူကို ဒေသခံတွေက ဝိုင်ဝန်းဖမ်းဆီးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်