ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ဧရာဝတီမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ခွဲတစ်ခွဲကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ စုန်းမအဖွဲ့ ထုတ်ပြန်
အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့ ဩဂုတ်လက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေလည်း ရှိခဲ့သလို တပ်ခွဲတခွဲလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ AIF နဲ့ WITCH (စုန်းမအဖွဲ့)က ထုတ်ပြန်ပါတယ်။
ဒေသတွင်း မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးတွေကနေ တိုက်ပွဲအောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းအဖြစ် လူငယ်တွေကို အတင်းအကျပ် စုဆောင်းပြီး ရှေ့တန်းကို ပို့ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ စစ်မှုထမ်းခြင်းကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီး ရှေ့တန်းကို ပို့ဆောင်ခံရသူတွေအနေနဲ့ ထွက်ပြေးနိုင်မယ့် အခွင့်အရေးကို ရှာဖွေဖို့နဲ့ လက်နက်ချလိုသူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေဆီ ဆက်သွယ်နိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အဲဒီလို ဆက်သွယ်လာသူတွေကို ဘေးကင်းရာ ရောက်ရှိနိုင်ရေး ကူညီပေးသွားမယ်လို့ AIF နဲ့ WITCH (စုန်းမအဖွဲ့)က အသိပေးထားပါတယ်။
အဆိုပါ စစ်ဆင်ရေးတွေကို တော်လှန်ရေးပြည်သူတွေရဲ့ ပံ့ပိုးမှုနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း တော်လှန်ရေးအတွက် ပံ့ပိုးပေးကြဖို့နဲ့ ဒရုန်းနည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လက်ကူညီပေးကြဖို့ AIF နဲ့ WITCH အဖွဲ့က တိုက်တွန်းထားပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က အင်းငါးခွ သကြားစက်ရုံမှာ ကြံ ၁ တန်ကို အရင်နှစ်ကထက် ဈေးလျော့ပြီး ဝယ်မယ်လို့ သတင်းထွက်ပေါ်နေပြီး ကြံစိုက်တောင်သူတွေအဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်းထဲ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ရေး “တတ်နိုင်သမျှ အစွမ်းကုန်” ဆက်လက်ကြိုးပမ်းသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒီကနေ့ အောက်တိုဘာ ၈…
ရုပ်သံ
ပြည်တွင်းသတင်း
မင်းအောင်လှိုင်ကို မလေးရှား ဝန်ကြီးချုပ်က ကော်ဇောနီခင်း ကြိုဆိုလိုက်တာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားလွှတ်တော်အမတ်ဟောင်း ပြောဆို အောက်တိုဘာ ၈ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်…