အရေးပေါ်
ပြည်တွင်းသတင်း

ရန်ကုန်မြို့မှာ ၂ ရက်အတွင်း လူငယ် ၇ ဦးကို ညအချိန် အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးသွား

၂၀၂၆ အောက်တိုဘာ ၈ Myo Taw
ရန်ကုန်မြို့မှာ ၂ ရက်အတွင်း လူငယ် ၇ ဦးကို ညအချိန် အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးသွား

ရန်ကုန်မြို့မှာ ၂ ရက်အတွင်း လူငယ် ၇ ဦးကို ညအချိန် အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးသွား

အောက်တိုဘာ ၈

ရန်ကုန်မြို့ပေါ်မှာ ညအချိန် လမ်းသွားလမ်းလာ လူငယ်တွေကို အိမ်စီးကားတွေနဲ့ အလစ်အငိုက် လာရောက်ဖမ်းဆီးတာတွေအပြင် နေအိမ်ထဲအထိပါ ဝင်ရောက်ဖမ်းဆီးတာတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ Rangoon Scout Network ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အောက်တိုဘာလ ၇ ရက် ည ၈ နာရီခွဲဝန်းကျင်က လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ အနောက်ပေ ၅၀ လမ်းနဲ့ မာလာမြိုင် ၆ လမ်းဆုံအနီးမှာ ရပ်နေတဲ့ လူငယ် ၃ ဦးကို ရဲနဲ့ အနက်ရောင် Honda Fit ကားတစီးနဲ့ ရောက်လာပြီး ကားပေါ် အတင်းဆွဲတင်ပြီးနောက် ပါရမီလမ်းဘက်ကို အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ အောက်တိုဘာလ ၆ ရက် ည ၁၁ နာရီခွဲလောက်မှာလည်း မြောက်ဒဂုံမြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်က တပင်ရွှေထီးလမ်းဆုံအနီး လမ်းလျှောက်နေတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသား ၃ ဦးကို စစ်ကားတွေအပြင် Alphard အဖြူရောင်တစ်စီးနဲ့ ရောက်ရှိလာတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးပြီး ကားပေါ်ဆွဲတင် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်မတိုင်ခင် အောက်တိုဘာလ ၆ ရက် ည ၁၀ နာရီဝန်းကျင်မှာလည်း လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာရုံအနီး ဘူတာရုံလမ်း ကားမှတ်တိုင်နားမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးကို စစ်မှုထမ်းအတွက်ဆိုပြီး နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေက စစ်မှုထမ်း အပတ်စဉ်သစ်တွေအတွက် လူအင်အား အသည်းအသန် လိုအပ်နေတာကြောင့် လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေကို ပိုပြီး ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာတာ တွေ့ရပါတယ်။

အထူးသဖြင့် အိမ်စီးကားတွေကို အသုံးပြုကာ အရပ်ဝတ်တွေနဲ့ပါ လှည့်လည်စောင့်ဆိုင်းနေတဲ့အပြင် လမ်းကြိုလမ်းကြားတွေမှာ လူငယ်တွေကို အလစ်အငိုက် စောင့်ဖမ်းတာနဲ့ နေအိမ်တွေထဲအထိ ဧည့်စာရင်းစစ်သလိုနဲ့ ဝင်ရောက်ဖမ်းဆီးတဲ့ ပုံစံတွေကို ပိုမို အသုံးပြုလာနေပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မင်းအောင်လှိုင်ကို ကော်ဇောနီနဲ့ ကြိုတာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို ရုပ်သံ Latest NEWS

မင်းအောင်လှိုင်ကို ကော်ဇောနီနဲ့ ကြိုတာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို

မင်းအောင်လှိုင်ကို မလေးရှား ဝန်ကြီးချုပ်က ကော်ဇောနီခင်း ကြိုဆိုလိုက်တာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားလွှတ်တော်အမတ်ဟောင်း ပြောဆို အောက်တိုဘာ ၈ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်…

ကြည့်ရန်
မင်္ဂလာဒုံမှာ လူငယ်တဦးကို စစ်မှုထမ်းဖို့ နေအိမ်ထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုက ပြန်ရွေးထုတ်ခွင့်မရ ပြည်တွင်းသတင်း

မင်္ဂလာဒုံမှာ လူငယ်တဦးကို စစ်မှုထမ်းဖို့ နေအိမ်ထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုက ပြန်ရွေးထုတ်ခွင့်မရ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ထဲမှာ စစ်မှုထမ်းအတွက် လူငယ်တဦးကို နေအိမ်ထိ လာရောက်ဖမ်းဆီးသွားပြီး မိသားစုဝင်တွေက ပြန်ရွေးထုတ်ဖို့ ကြိုးစားပေမဲ့ ပြန်ရွေးခွင့်မရတော့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ Rangoon Scout…

ဖတ်ရန်
“ဝ”ဥ ဝင်ရှာနေရင်း ပျားကြီးတုပ်ခံရလို့ အသက်ကြီးပိုင်း အမျိုးသားတဦး သေဆုံး ပြည်တွင်းသတင်း

“ဝ”ဥ ဝင်ရှာနေရင်း ပျားကြီးတုပ်ခံရလို့ အသက်ကြီးပိုင်း အမျိုးသားတဦး သေဆုံး

အောက်တိုဘာ ၅ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်ခန့်က မန်းတုံမြို့နယ်၊ ပန်ခါးလေးကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၄ နှစ် အရွယ် ဦးခမ်းလွန်…

ဖတ်ရန်
နေပူထဲ ဆိုင်ကယ်စီးနေရင်း ဆယ်ကျော်သက်အရွယ် အမျိုးသမီးတဦး ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက် သေဆုံး ပြည်တွင်းသတင်း

နေပူထဲ ဆိုင်ကယ်စီးနေရင်း ဆယ်ကျော်သက်အရွယ် အမျိုးသမီးတဦး ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက် သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့မှာ နေပူထဲ ဆိုင်ကယ်နဲ့ သွားနေချိန် သတိမေ့လဲကျရာက ဆယ်ကျော်သက်အရွယ် အမျိုးသမီးတဦး ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်