အရေးပေါ်
ပြည်တွင်းသတင်း

အာဏာသိမ်း စစ်တပ်ရဲ့ Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့တဲ့အတွက် သိန်း ၁ သောင်း ဂုဏ်ပြုချီးမြှင့်

၂၀၂၆ စက်တင်ဘာ ၂၀ Myo Taw
အာဏာသိမ်း စစ်တပ်ရဲ့ Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့တဲ့အတွက် သိန်း ၁ သောင်း ဂုဏ်ပြုချီးမြှင့်

အာဏာသိမ်း စစ်တပ်ရဲ့ Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့တဲ့အတွက် သိန်း ၁ သောင်း ဂုဏ်ပြုချီးမြှင့်

စက်တင်ဘာ ၂၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူရွာကို ရောက်ရှိလာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့တဲ့အတွက် ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ပြုဆုငွေ သိန်း ၁ သောင်းကျပ်နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကြားကာလ ဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး Mi-17 စစ်ရဟတ်ယာဉ်ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်တဲ့ ရဲဘော် (၇) ဦးကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

"ဒီနေ့ခေတ် တိုက်ပွဲတွေက နည်းပညာကို အခြေခံတဲ့ တိုက်ပွဲတွေပါ။ နည်းပညာကို ပါးပါးနပ်နပ် ကျွမ်းကျွမ်းကျင်ကျင် အကျိုးရှိရှိ အသုံးချနိုင်ရင် ဒီတိုက်ပွဲတွေရဲ့ ချိန်ခွင်လျှာလည်း ပြောင်းလာနိုင်တယ်။ ပြောင်းလဲနေတယ်ဆိုတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ အဓိက အားသာချက်တွေဖြစ်တဲ့ လေကြောင်း၊ ရေကြောင်းကနေ ပြီးတော့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို ဟန့်တားဖျက်ဆီးနိုင်ဖို့အတွက်ဆိုရင် ခေတ်မီဒရုန်းနည်းပညာက မရှိမဖြစ်ကို အရေးပါလာပါတယ်။ ဒီလိုနည်းပညာတွေကို အသုံးပြုနိုင်စွမ်းရှိတဲ့ မျိုးဆက်သစ်လူငယ်တွေ အများကြီးကလည်း ဒီတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေကြတာ ဖြစ်ပါတယ်။ ဒီလူငယ်တွေရဲ့ နည်းပညာကို အကျိုးရှိရှိ အသုံးချနိုင်စွမ်းကြောင့် ယနေ့အချိန်မှာဆိုရင် အကြမ်းဖက်စစ်ကောင်စီရဲ့ အားသာချက်တွေဖြစ်တဲ့ လေကြောင်းအရင်းအမြစ်တွေ၊ ရေကြောင်းအရင်းအမြစ်တွေကို ထိထိရောက်ရောက်ကို တိုက်ခိုက်ချေမှုန်းနိုင်နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အဲ့လို တိုက်ခိုက်ချေမှုန်းနိုင်လို့လည်း စစ်ရေးချိန်ခွင်လျှာတောင် ပြောင်းလဲလာပြီလို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေဆီမှာသာ ပိုပြီးတော့ ပြည့်စုံလုံလောက်တဲ့ အရင်းအမြစ်တွေသာ ရှိတယ်ဆိုရင် တော်လှန်ရေးအရွေ့ကိုလည်း ပိုပြီးတော့ မြန်လာမယ်ဆိုတာလည်း လက်တွေ့ပါပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေကြတဲ့ တော်လှန်ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ ရဲဘော်တွေအတွက် လိုအပ်တဲ့ နည်းပညာ အထောက်အကူပြု ပစ္စည်းတွေကို ပိုမိုပြီးတော့ ပံ့ပိုးပေးကြဖို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးမောင်မောင်ဆွေ က မြို့တော်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့တဲ့အတွက် သိန်း ၁ သောင်း ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အမှူးပြုတဲ့ အစိုးရ တာဝန်ရှိသူတွေ၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်နှင့် တာဝန်ရှိသူတွေ၊ ဆုလက်ခံရရှိသူ ပကဖ ဒရုန်းတပ်ဖွဲ့ဝင်တွေနှင့် ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (9)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်