အရေးပေါ်
ပြည်တွင်းသတင်း

အားကောင်းတဲ့ လေဖိအားနည်းဆဲလ်ဟာ ထိုင်းနိုင်ငံအလယ်ပိုင်းကနေ မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာပြီး နိုင်ငံအနှံ့မှာ မိုးအလွန်သည်းထန်စွာ ရွာသွန်းမယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၂၆ Myo Taw
အားကောင်းတဲ့ လေဖိအားနည်းဆဲလ်ဟာ ထိုင်းနိုင်ငံအလယ်ပိုင်းကနေ မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာပြီး နိုင်ငံအနှံ့မှာ မိုးအလွန်သည်းထန်စွာ ရွာသွန်းမယ်လို့ဆို

အားကောင်းတဲ့ လေဖိအားနည်းဆဲလ်ဟာ ထိုင်းနိုင်ငံအလယ်ပိုင်းကနေ မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာပြီး နိုင်ငံအနှံ့မှာ မိုးအလွန်သည်းထန်စွာ ရွာသွန်းမယ်လို့ဆို

စက်တင်ဘာ ၂၆

ICON Model ၊ အိန္ဒိယမိုးလေဝသဌာန (IMD) နှင့် ထိုင်းမိုးလေဝသဌာန (TMD) တို့ရဲ့ ထုတ်ပြန်ချက်တွေအရ စက်တင်ဘာလ ၂၇ ရက်မှာ မိုးအား အလွန်မြင့်တက်လာတဲ့ ကာလဖြစ်ပြီး ထိုင်းနိုင်ငံအလယ်ပိုင်းရှိ အားကောင်းတဲ့ လေဖိအားနည်းဆဲလ်ရဲ့ ဗဟိုချက်ဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး မြန်မာနိုင်ငံ အရှေ့တောင်ဘက် နယ်စပ်မှတစ်ဆင့် စတင်ဝင်ရောက်လာမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် နေပြည်တော်တို့မှာ မိုးအလွန်သည်းထန်စွာ ရွာသွန်းမယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့မှာ မိုးအား မြောက်ဘက်သို့ တဖြည်းဖြည်းရွှေ့လျားပြီး တောင်ပိုင်းမှာ လျော့ကျလာတဲ့ကာလဖြစ်ကာ စက်တင်ဘာလ ၂၈ ရက်မှာ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့မှာ မိုးအားကောင်းနေဆဲ ဖြစ်ပေမယ့် စက်တင်ဘာလ ၂၉ ရက်မှစတင်ပြီး အနောက်မြောက်ဘက် စစ်ကိုင်းတိုင်းနှင့် အထက်ပိုင်းသို့ ဆက်လက်ရွေ့လျားသွားမှာဖြစ်ရာ တောင်ပိုင်းဒေသတွေမှာ မိုးအားစတင်လျော့နည်းသွားမယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၂ ရက်အတွင်း မိုးအား သိသိသာသာ လျော့ကျကာ အထက်ပိုင်းသို့ ရောက်ရှိသွားတဲ့ ကာလဖြစ်ပြီး စက်တင်ဘာလ ၃၀ မှစတင်ကာ မြန်မာနိုင်ငံ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့မှာ မိုးရွာသွန်းမှု သိသိသာသာ အားလျော့နည်းသွားမယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ ၁ ရက်နှင့် ၂ ရက်တို့မှာ စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့မှာ မိုးအသင့်အတင့်မှ မိုးကြီးနိုင်တဲ့ အကြွင်းအကျန် တိမ်တိုက်တွေ ရှိနေမယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း မိုးလွန်ကဲစွာ ရွာသွန်းနိုင်တာကြောင့် တစ်ရက်အတွင်း မိုးရေချိန် ၁၀၀ မီလီမီတာမှ ၁၅၀ မီလီမီတာအထိ ရရှိနိုင်ပြီး ကရင်ပြည်နယ်မှာ တပတ်အတွင်း စုစုပေါင်း မိုးရေချိန် ၄၆၀ မီလီမီတာ၊ မွန်ပြည်နယ်မှာ ၄၂၅ မီလီမီတာအထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း (အရှေ့/အနောက်/တောင်) နှင့် နေပြည်တော် တို့မှာ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှာဖြစ်ပြီး ပဲခူး၊ တောင်ငူ၊ ရေတာရှည်၊ ပြည် စတဲ့ မြို့နယ်တွေရှိ မြစ်၊ ချောင်းတွေမှာ မြစ်ရေမြင့်တက်ပြီး ရေဘေးအန္တရာယ် ပေါ်ပေါက်လာနိုင်တယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်း(တောင်ပိုင်း)မှာ တပတ်အတွင်း စုစုပေါင်း မိုးရေချိန် ၃၆၅ မီလီမီတာအထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း တို့မှာ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့မှာ မိုးကြီးပြီး မိုးသက်လေပြင်းတွေ တိုက်ခတ်နိုင်ကာ ရန်ကုန်မြို့တွင်း နိမ့်ပါးတဲ့ ဒေသတွေမှာ ရေနုတ်မြောင်း မဆံ့ဘဲ ရေဝပ်တာတွေ ကြုံတွေ့ရနိုင်ကာ ဧရာဝတီတိုင်း ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ဒီရေနှင့် မိုးရေပေါင်းစပ်ပြီး စိုက်ခင်းတွေ ရေနစ်မြုပ်နိုင်တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ တပတ်အတွင်း စုစုပေါင်း မိုးရေချိန် ၃၂၀ မီလီမီတာအထိ ရရှိနိုင်ပြီး အနောက်တောင် မုတ်သုံလေ အလွန်အားကောင်းမှုကြောင့် ကုန်းတွင်းပိုင်းဒေသတွေမှာ မိုးအလွန်ကြီးနိုင်သလို ကမ်းရိုးတန်းတစ်လျှောက်နှင့် ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအလွန်ကြီးနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (8)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်