မော်လမြိုင်မှာ ကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိလို့ ဆိုင်ကယ်စီးလာသူ ၁ ဦး သေဆုံး
နိုဝင်ဘာလ ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက္ခမီလမ်းမ (မော်လမြိုင်-မုဒုံကားလမ်း)၊ စမ်းကြီးလမ်းဝမှာ ကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာက ဆိုင်ကယ်စီးလာသူတွေထဲက ၁ ဦး သေဆုံးပြီး ၁ ဦး စိုးရိမ်ရတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်က Suzuki Light Truck ကား နဲ့ Honda Wave 110 ဆိုင်ကယ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာက အမျိုးသား ၁ ဦး သေဆုံးခဲ့ကာ ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဆိုင်ကယ်က အရှိန်များတယ်၊ တိုက်ပြီး လွင့်သွားတဲ့နေရာက အတော်ဝေးတယ်။ တယောက်က မျက်နှာနဲ့ ကျတာ၊ တယောက်က ခေါင်းနောက်စေ့နဲ့ ကျတာ။ တယောက်က နေရာမှာပဲ သေတယ်၊ ကျန်တယောက်ကလည်း အခြေအနေ မကောင်းဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူနဲ့ ပြင်းထန်ဒဏ်ရာရရှိသူတွေကို မော်လမြိုင်ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
မြို့တော် News Channel