အရေးပေါ်
ပြည်တွင်းသတင်း

မြောက်ဒဂုံက အိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းစီး လုယက်ခံရ၊ ဆိုင်ရှင်အမျိုးသား ဓားနဲ့ အခုတ်ရလို့ သေဆုံး

၂၀၂၆ အောက်တိုဘာ ၆ Myo Taw
မြောက်ဒဂုံက အိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းစီး လုယက်ခံရ၊ ဆိုင်ရှင်အမျိုးသား ဓားနဲ့ အခုတ်ရလို့ သေဆုံး

မြောက်ဒဂုံက အိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းစီး လုယက်ခံရ၊ ဆိုင်ရှင်အမျိုးသား ဓားနဲ့ အခုတ်ရလို့ သေဆုံး

အောက်တိုဘာ ၆

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းမပေါ်က အိမ်ဆောက်ပစ္စည်းဆိုင်မှာ အနုကြမ်းစီးပြီး လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့ မနေ့က နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ တွဲလျှက်ဆောက်ထားတဲ့ နေအိမ်ကို အမည်မသိအမျိုးသား ၃ ဦးက ဝင်ရောက်ကာ အိမ်ရှင်ဖြစ်သူကို ဓားနဲ့ခုတ်ပြီး အနုကြမ်းစီး လုယက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“ဆိုင်နဲ့ အိမ် တွဲလျှက်ဖွင့်ထားတာ အိမ်က ဆိုင်အနောက်ဘက်မှာ။ လူ ၃ ယောက်က ဆိုင်ရှင်ကို ဓားနဲ့ခုတ်ပြီး ပစ္စည်းတွေယူသွားတာ။ ဆိုင်ရှင်ရဲ့ ဇနီးရောက်လာပြီး အော်ဟစ်အကူညီတောင်းတော့ ထွက်ပြေးသွားကြတယ်။ ဖြစ်တဲ့အချိန် အနားမှာ လူမရှိတာလည်းပါတယ်။ ဆိုင်ရှင်က လည်ပင်း သွေးလွှတ်ကြောပါ ပြတ်သွားတာ” လို့ ဦးဝိစာရလမ်းနေ ဒေသခံတဦးက ပြောပါတယ်။

အနုကြမ်းစီးတဲ့ အမျိုးသား ၃ ဦးထဲက တဦးဟာ ဆိုင်အပေါက်ဝမှာ အစောင့်သဘောနဲ့ ကျန်ခဲ့ပြီး ကျန် ၂ ဦးက ဆိုင်ရှင်အမျိုးသားကို ဓားနဲ့ခုတ်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ဆိုင်ရှင်ရဲ့ မိန်းမက ဆိုင်ထဲဝင်တော့ အသင့်စောင့်နေတဲ့သူက ဆိုင်ရှင်ရဲ့ မိန်းမကို ထိုးကြိတ်ပြီး ဖမ်းချုပ်တာ။ ဆိုင်ရှင်ရဲ့ မိန်းမက ကြောက်လန့်ပြီး အော်ဟစ်အကူညီတောင်းတော့ အကုန်ထွက်ပြေးကြတာ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

ဓားခုတ်ခံရတဲ့ အသက် ၄၀ အရွယ် ဆိုင်ရှင်အမျိုးသားကို မြောက်ဥက္ကလာပဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ကြပေမယ့် ဆေးရုံရောက်ပြီး ၅ မိနစ်အကြာမှာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။

အနုကြမ်းစီး လုယက်တဲ့ အမျိုးသား ၃ ယောက်ကတော့ အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး လတ်တလောမှာ ဖမ်းဆီးရမိနိုင်ဖို့ လိုက်လံစုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်တပတ်ကျော်မှာ တိုင်းနဲ့ပြည်နယ် ၆ ခုမှာ နေရာကွက်ကျား မိုးကြီးမယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်တပတ်ကျော်မှာ တိုင်းနဲ့ပြည်နယ် ၆ ခုမှာ နေရာကွက်ကျား မိုးကြီးမယ်လို့ဆို

ECMWF Model ရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်(တောင်ပိုင်း)နှင့် ကပ္ပလီပင်လယ်ပြင်(တောင်ပိုင်း)တို့မှာ လေဝဲလည်ပတ်မှု စတင်အားကောင်းလာပြီး လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသ…

ဖတ်ရန်
အကြွေး ၄၅ သိန်းပေးစရာရှိတာကို ယောက်ျား သိမှာစိုးလို့ ဓါးပြတိုက်ခံရတယ်လို့ လိမ်လည်တိုင်ကြားခဲ့တဲ့ အမျိုးသမီး ၂ ဦးကို ထောင်ဒဏ် ၆ လစီချမှတ် ပြည်တွင်းသတင်း

အကြွေး ၄၅ သိန်းပေးစရာရှိတာကို ယောက်ျား သိမှာစိုးလို့ ဓါးပြတိုက်ခံရတယ်လို့ လိမ်လည်တိုင်ကြားခဲ့တဲ့ အမျိုးသမီး ၂ ဦးကို ထောင်ဒဏ် ၆ လစီချမှတ်

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်မှာ ဓားပြတိုက်ခံရတယ်လို့ အုပ်ချုပ်ရေးမှူးထံ လိမ်လည် တိုင်ကြားခဲ့တဲ့ အမျိုးသမီး ၂ ဦးကို ပုသိမ်းကြီးမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လစီ…

ဖတ်ရန်
လိုင်းကြေးပေးပြီး နှစ်ရှည်လုပ်ကိုင်နေတဲ့ ဂျင်ဝိုင်းတွေကို ဝင်ရောက်ဖမ်းဆီးလို့ ကား၊ ဆိုင်ကယ်နဲ့ အိုးဝေတွေပါ သိမ်းဆည်းခံရ ပြည်တွင်းသတင်း

လိုင်းကြေးပေးပြီး နှစ်ရှည်လုပ်ကိုင်နေတဲ့ ဂျင်ဝိုင်းတွေကို ဝင်ရောက်ဖမ်းဆီးလို့ ကား၊ ဆိုင်ကယ်နဲ့ အိုးဝေတွေပါ သိမ်းဆည်းခံရ

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာမှာ လိုင်းကြေးပေးပြီး နှစ်ရှည်လုပ်ကိုင်နေတဲ့ ဂျင်ဝိုင်းတွေကို အာဏာသိမ်းအစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်